မြန်မာနိုင်ငံမှာ ဒီအောက်တိုဘာလဟာ စပါးအသစ်ထွက်တဲ့လဖြစ်ပေမယ့် ပြီးခဲ့တဲ့အပတ်က တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် နိုင်ငံအနှံမိုးရွာသွန်းခဲ့လို့ ရန်ကုန်မြို့ကို ဆန်ဝင်ရောက်မှုတွေလျော့ကျခဲ့တယ်လို့သိရပြီး ပြည်ပဆန်တင်ပို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့မနက်ပိုင်းက ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှာ စီးပွားကူးရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးအောင်ထူးက လက်ရှိဖြစ်ပေါ်နေတဲ့ ဆန်စပါးလောက ငွေကြေးကိစ်္စတွေနှင့် ပြည်ပဆန်တင်ပို့ရာမှာ တွေကြုံနေရတဲ့ ကိစ်္စတွေပတ်သက်ပြီး ဘုရင်နောင်ပွဲရုံတန်းက ဆန်ကုန်သည်တွေနဲ့လာရောက်တွေ့ဆုံဆွေးနွေးခဲ့ ရာမှာ ပြည်ပဆန်တင်ပို့မှု နဲ့ပတ်သက်ပြီး အခုလို အခက်အခဲဖြစ်ပေါ်နေမှုကို တင်ပြခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း ဘုရင်နောင်ကုန်စည်ဒိုင်က အထွေထွေအတွင်းရေးမှူး ကပြောပါတယ်။
လက်ရှိ ပြည်ပကိုဆန်တင်ပို့ရန်အတွက် ရန်ကုန်မြို့က ဆိပ်ကမ်းတွေမှာ သဘောင်္တွေ ဆိုက်ကပ်နေပြီး ဒီသဘောင်္တွေကို ဆန်တင်ရန် အိပ်ရေသိန်းသုးံဆယ် တန်ချိန်အားဖြင့် တစ်သိန်းခွဲကျော် လောက် တင်ပေးဖို့လဲရှိနေတာပါ။ခုအချိန်ဟာ ဆန်အသစ်ထွက်တဲ့ ရာသီဖြစ်ပေမဲ့ ပြီးခဲ့အပတ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းကြောင့် ဆန်အသစ်ထွက်ရှိဖို့ နှောင်နှေးခဲ့ကာ ဆန်တင်ပို့မှုအတွက် ပြည်တွင်းမှာ လက်ကျန်ပမာဏနည်းနေပြီး တင်ပို့ရမယ့် အရေအတွက်က များနေတာကြောင့်လို့လည်းပြောပါတယ်။
အခုတွေ့ကြုံနေရတဲ့ ပြည်ပဆန်တင်ပို့ဖို့ အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ဦးဆောင်မှုနဲ့ကော်မတီဝင် ၁၁ ဦးပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းဖြေရှင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါအပြင် ရန်ကုန်မြို့ကို နေ့စဉ်ဆန်အိပ်ရေ ခြောက်သောင်းလောက်ဝင်ရောက်နေကာ ဆန်ထွက်တဲ့ကာကတွေမှာ အိပ်ရေတစ်သိန်းလောက်ဝင်ရောက်နေတယ်လို့သိရပါတယ်။လက်ရှိမှာတော့ ရာသီဥတုအခြေအနေကြောင့်ဆန်အိပ်ရေ နှစ်သောင်းခွဲလောက်ပဲ ၀င်နေတယ်လို့သိရပါတယ်။
ပြည်ပကိုတင်ပို့နေတဲ့ ၂၅ မတ်ဆန်တွေရဲ့ ပေါက်ဈေးမှာ တစ်တန်ကို ၃၄၀ ဒေါ်လာ ၀န်းကျင်ဈေးပေါက်နေပြီး ပြည်တွင်းမှာတော့ တစ်အိပ်ကို ၂၀၅၀၀ ကျပ်ဈေးရှိနေပါတယ်။ အခုနှစ် အတွင်းမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ပြည်ပကို ဆန်တန်ချိန် နှစ်သန်း တင်ပို့ဖို့ ရည်ရွယ်ထားပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ ဆန်တန်ချိန် ၁.၇ သန်းတင်ပို့နိုင်ခဲ့ပါတယ်။