1. Home
  2. Special or Others

အားဖြည့်အချိုရည်အလွန်အကျွံသောက်သုံးမှုကြောင့် ဦးခေါင်းတွင် အပေါက်ကြီးဖြစ်ခဲ့ရသူ

Special or Others ต.ค. 17, 2560 view 2,305

ကျောင်းသားလူငယ်များသာမက အလုပ်ခွင်ဝင်နေတဲ့ လူကြီးများလည်း စာမေးပွဲနီးလာတဲ့အခါ၊ အလုပ်တွေပိလာတဲ့အခါ အားဖြည့်အချိုရည်သောက်လိုက်ခြင်းဖြင့် အချိန်ကြာကြာစာကျက်နိုင်တယ်၊ အလုပ်လုပ်နိုင်တယ်ဆိုပြီး အားဖြည့်အချိုရည် သောက်သုံးတတ်ကြပါတယ်။ ရေတိုမှာ မိမိအတွက် အကျိုးရှိတယ်အားပြည့်တယ်လို့ ထင်ရပေမယ့် အားဖြည့်အချိုရည်တွေကို စွဲစွဲမြဲမြဲ သောက်လာတဲ့အခါ..?

အားဖြည့်အချိုရည်ကို စွဲလန်းပြီး အလွန်အကျွံသောက်ခြင်း အလုပ်အချိန်အရှည်ကြီး လုပ်ကိုင်ခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ အဖြစ်ပျက်ကို ဇနီးဖြစ်သူက သူမရဲ့ ဖေ့စ်ဘွခ်ပေါ်မှတစ်ဆင့် ဝေမျှခဲ့ပါတယ်။

ကိုယ်ဝန်ရှိလာပြီဖြစ်တဲ့ ဘရန်နာ နဲ့ အော်စတင် တို့ ဇနီးမောင်နှံဟာ မွေးဖွားလာတဲ့ကလေးအတွက် အလုပ်တွေပိုကြိုးစားဖို့ ခင်ပွန်းဖြစ်သူ အော်စတင် က အလုပ်အချိန်ရှည်ကြီးတွေ လုပ်ကိုင်ရင်း အားဖြစ်စေဖို့ အားဖြည့်အချိုရည်တွေကို ဆက်တိုက်သောက်လာခဲ့ပါတယ်။

တရက်မှာတော့ သူမယောက်ျားဆေးရုံတင်လိုက်ရတယ်လို့ အလုပ်က ဖုန်းဆက်လာတာကြောင့် သူမအထိတ်တလန့်နဲ့ ဆေးရုံလိုက်သွားခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ မှတ်ချက်မှာတော့ အောစတင်ဟာ ဦးနှောက်သွေးမတိတ်တဲ့ ဝေဒနာခံစားနေရပြီး အသက်လုဖို့အတွက် ခွဲစိတ်ရမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။


ဒီအချိန် ကိုယ်ဝန်အရင်မာကြီးနဲ့ သူမအတွက် အလိုလားဆုံက မိသားစုတွေ အတူတူရှိနေချင်တာပဲဖြစ်ပါတယ်။ အဲဒီနောက် အောက်စတင်ရဲ့ ဦးခေါင်းကို ခွဲစိတ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီး အသက်ကယ်နိုင်ခဲ့ပေမယ့် သူ့ရဲ့ ဦးခေါင်းတစ်ဝက်လောက်ဟာ ချိုင့်နက်ကြီးလို ခွက်ဝင်သွားခဲ့ပါတယ်။ ဘရန်နာ ကလေးမီးဖွားခဲ့ပြီးသည့်တိုင် အော်စတင်ဟာ ဆေးရုံပေါ်မှာ သတိမေ့မျောနေတဲ့အထိကို ကြာရှည်ခံစားခဲ့ရပါတယ်။


ဆရာဝန်တွေရဲ့ စမ်းသပ်ချက်အပြီးမှာ ဒီအဖြစ်ဟာ အာဖြည့်အချိုရည်တွေ အလွန်ကျွံသောက်သုံးခဲ့တဲ့အတွက် ဘေးထွက်အဆိပ်အတောက်တွေဖြစ်ပြီး ဦးနှောက်ကို ထိခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
ဘရန်နာ ကလေးမီးဖွားပြီး နှစ်လကြာမှ အော်စတင် သတိပြန်လည်လာခဲ့ပါတယ်၊ အဲ့ဒီအချိန်ရောက်မှ သူ့ရဲ့ သားလေးကို ပထမဆုံးအကြိမ် မြင်တွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်။


ဦးခေါင်းမှာ အပေါက်ကြီးဖြစ်နေခဲ့ပေမယ့် သူမရဲ့ခင်ပွန်းကို ချစ်မြတ်နိုးလျှက်ရှိပြီး အော်စတင် လူကောင်းပကတိ ကျန်းမာလာသည်ထိ ကြိုးစားရင်ဆိုင်သွားမှာဖြစ်ကြောင်း ဘရန်နာက ပြောဆိုခဲ့ပါတယ်။

 



Follow us on