1. Home
  2. Special or Others

လေးစားစရာကောင်းတဲ့ မသန်မစွမ်းဇနီးမောင်နှံ (ရုပ်သံ)

Special or Others ต.ค. 17, 2560 view 1,493

စီးပွားရေး၊ လူမှုရေးတွေ အဆင်မပြေလို့ သေလောက်အောင် စိတ်ညစ်နေပြီး အိမ်ထောင်ကွဲချင်နေကြတဲ့ လင်မယားတွေ ယခုဖော်ပြမယ့် မသန်မစွမ်းလင်မယား အကြောင်းကို ဖတ်မိပြီးသွားရင်တော့ ငါတို့ရဲ့ ဒုက္ခဆိုတာ ကြိုးစားဖြေရှင်းလို့ ရနိုင်ပါသေးလားလို့ နားလည်လက်ခံလာမှာ အသချာပင်ဖြစ်ပါတယ်။
 


တရုပ်နိုင်ငံက မသန်မစွမ်းဇနီးမောင်နှံဟာ ယောက်ျားဖြစ်သူက မျက်မမြင်ဖြစ်ပြီး ဇနီးဖြစ်သူက လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတ တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ဘဝကို အရှုံးမပေးပဲ နေ့စဉ်စားဝတ်နေရေးအတွက် လယ်ယာစိုက်ပျိုးရင်း အသက်မွေးလောခဲ့တာ နှစ်ပေါင်းအတော်ကြီး ကြာလာခဲ့ပြီဖြစ်ပါတယ်။

ချောင်ကွင်းဆိုတဲ့ ရွာလေးမှာ လယ်ယာစိုက်ပျိုးရင်း မျက်မမြင်ယောက်ျားက လမ်းမလျှေဦက်နိုင်တဲ့ ဒုက္ခိတဇနီးသည်ကို ခြင်းကြီးတစ်လုံးထဲထည့်ပြီး ကျောပိုးလွယ်ကာ နေ့စဉ်လုပ်ငန်းခွင်ထဲဝင်ပြီး အလုပ်လုပ်ကြပါတယ်။ မျက်စိမြင်တဲ့ ဇနီးသည်ကို ကျောပိုးရင်း သူမရဲ့ အမြင်အာရုံနဲ့ ခင်ပွန်းသည်က တောက်လျှောက်အလုပ် လုပ်ခဲ့တာဖြစ်ပါတယ်။


ယခင်က သူတို့နှစ်ဦးစလုံးဟာ လူကောင်းပကတိများဖြစ်ကြပြီး ဇနီးဖြစ်သူက အရိုးပျော့ဝေဒနာ ခံစားရာကနေ လုံးဝလမ်းမလျှောက်နိုင်ဖြစ်ခဲ့ရပါတယ်။ ဒီလိုဖြစ်ပြီးသိပ်မကြာခင် ၁၉၈၈ ခုနှစိမှာ ခင်ပွန်းဖြစ်သူဟာလည်း အမြင်အာရုံချို့ယွင်းလာပြီး တစ်ဖြည်းဖြည်း မျက်လုံးကွယ်သွားခဲ့ခြင်းဖြစ်ပါတယ်။
အဲ့ဒီအချိန်ထဲက စလို့ သူဘယ်သွားသွား ဇနီးသည်ကို ခြင်းကြီးထဲထည့်ကာ ကျောပိုးလွယ်သွားခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၃၀ ဝန်းကျင်ပင်ရှိခဲ့ပြီ ဖြစ်ပါတယ်။

သူတို့ဇနီးမောင်နှံရဲ့ အကြောင်း အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့ပြီး အခက်အခဲတွေကို ရင်ဆိုင်ရာမှာ စံပြုထိုက်သော လင်မယားအဖြစ် အားလုံးက တစ်ညီတစ်ညွတ်ထဲ လေးစားချီးကျူးပြောဆိုလျှက်ရှိသည်။

 



Follow us on