အမျှော်မြင်ကြီးတဲ့ တရုပ်နိုင်ငံ ဟန်နန်မြို့က သူဌေးတစ်ယောက်ဟာ စွန့်ပစ်ထားတဲ့ လေယာဉ်ပျက် နှစ်စင်းကို စာသောက်ဆိုင်နဲ့ ဟိုတယ်ဖွင့်ဖို့ ရယ်ရွယ်ပြီး တရုပ်ယွမ် ၈ မီလီယံ (အမေရိကန်ဒေါ်လာ ၁.၂ သန်း) နဲ့ ဝယ်ယူခဲ့ပါတယ်။
အဆိုပါလေယာဉ်နှစ်စင်း BAe 146s အတွဲဟာ ဗြိတိသျှအဲရိုစပေ့စ် က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်က China Eastern Airline မှာ ခရီးသည်တင်လေယာဉ်အဖြစ် ပြေးဆွဲခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကျူမန်ဒိုင်မြို့ပြင်က လယ်ကွင်းထဲမှာ နှစ်စင်းလုံးကို စွန့်ပစ်ထားပါတယ်။
အခုတော့ လေယာဉ်နှစ်စင်းဟာ ပိုင်ရှင်အသစ်ရဲ့ လက်ထဲမှာ ပြုပြင်မှုတွေ စလုပ်နေပြီး မကြာခင်မှာ ပြန်လည်အသုံးတည့်လာမယ့် စီးပွားရေးအဆာက်အဦတွေအဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
ယခုလို လေယာဉ်အဟောင်းဝယ်ယူပြီး ပုံစံပြောင်းလဲမှုဟာ တရုပ်ပြည်မှာ ပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်တုန်းကလည်း သူဌေးကြီးတစ်ဦးက ဘိုးရင်း 737 လေယာဉ်ဟောင်းတစ်စင်းကို ယွမ်ငွေ ၅ မီလီယံနဲ့ ဝယ်ယူခဲ့ပြီး နောက်ထပ် ယွမ် ၃ မီလီယံဖိုး ထပ်ဆောင်းပြင်ဆင်ပြီး စားသောက်ဆိုင်ကြီး တစ်ဆိုင်အသွင်ပြောင်းခဲ့ဖူးပါတယ်။
ဒီဆိုင်ဟာ အခုဆိုရင် “Lily Airways” စားသောက်ဆိုင်အဖြစ် ဝူဟန်မြို့လည်ကောင်မှာ ထည်ဝါစွာဖွင့်ထားပြီး စားသုံးသူတစ်ယောက်အနေနဲ့ အနည်းဆုံး ယွမ် ၂၀၀ ကနေ ၃၀၀ ထိအနည်းဆုံးကုန်ကျခံနိုင်မှသာ စားသောက်နိုင်တဲ့ အဆင့်မြင့် စားသောက်ဆိုင်ကြီး တစ်ဆိုင်အဖြစ်ရှိနေပါတယ်။