1. Home
  2. Special or Others

ထိုင်ဝမ်မှတင်သွင်းသော ဂဏန်းများတွင် ကင်ဆာဖြစ်စေသာ ဓာတုပစ္စည်းတွေ့ရှိ

Special or Others ต.ค. 18, 2560 view 1,485

အောက်တိုဘာလ ၁၆ ရက်နေ့ ပြီးခဲ့တဲ့ တနင်္လာနေ့က အစားသောက်ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က စစ်ဆေးခဲ့ရာ ထိုင်ဝမ်မှတင်သွင်းလာသော အမွှေးပါသည့် ဂဏန်းကြီးများတွင် ကင်ဆာဖြစ်စေနိုင်သော ဓါတုပစ္စည်းများပါဝင်ကြောင်း တရုပ်တောင်ပိုင်းနံနက်ခင်းသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလတုန်းကလည်း အမျိုးအစာတူဓါတုဗေဒ ပါဝင်မှုမြင့်မားသော ဂဏန်းများကို ဂျင်ဆူးပြည်နယ်တွင် စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရုပ်ပြည်မကြီးမှ အာဏာပိုင်များက ဂဏန်းတင်ပို့မှုကို ရပ်ဆိုင်းခဲ့သည်။
ထို့ကြောင့် ဟောင်ကောင်မှ ဂဏန်းမှာယူသူများက ထိုင်ဝမ်နှင့် ဂျပန်နိုင်ငံတို့မှ တင်သွင်းခဲ့ရခြင်းဖြစ်သည်။


စမ်းသပ်စစဆေးမှု ၁၂ ခုပြုလုပ်ခဲ့ပြီးနောက် ထိုင်ဝမ်နိုင်ငံ တိုးရမ်ဒေသမှတင်သွင်းသော ဂဏန်းတစ်ကောင်တွင် အဆိပ်ဖြစ်စေနိုင်သော ဓါတုပစ္စည်း ဒိုင်အောင်ဇင်ပါဝင်မှု အလွန်မြင့်မားကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါ ဓါတုပစ္စည်းသည် သဘာဝအတိုင်းဖြစ်ပေါ်လာပြီး လူ၏ကိုယ်ခံအား ထုတ်လုပ်မှုစနစ်ကို ဖျက်ဆီးစေနိုင်သော သတ္တိရှိကြောင်း သိရှိရသည်။

ဟောင်ကောင်မှ ဂဏန်းရောင်းချသူများ၏ အဆိုအရ တရုပ်ပြည်မကြီး ဂျန်ဆူးပြည်နယ်မှ တင်သွင်းသော ဂဏန်းများတွင် ဥများ ကြွယ်ဝစွာပါပြီး ထိုင်ဝမ်မှ တင်သွင်းသော ဂဏန်းများ၏ အရည်အသွေးမှာ အပြောင်းအလဲအမြဲရှိနေပြီး ဂျပန်က ဂဏန်းများကတော့ ဥအနည်းငယ်သာ ပါကြောင်း ပြောဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေ ပြည်မကြီးမှ ဂဏန်းတင်ပို့မှု ရပ်စဲထားသည့်အတွက် ဝယ်ယူနိုင်ခြင်းမရှိခဲကြောင်း ပြောပြသည်။
 



Follow us on