1. Home
  2. Good Morning Myanmar

အရေးပေါ်အသက်ကယ်သင်တန်းကို ဆင့်ပွားသင်တန်းအဖြစ် သင်ကြားပေးသွား ဖို့ရှိ

Good Morning Myanmar ต.ค. 19, 2560 view 1,433
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်အနေနဲ့ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းတွေကို သင်ကြားပေးနေပြီး ဆင့်ပွားသင်တန်းတွေကိုလည်းသင်ကြားပေးသွားမယ်လို့ အောက်တိုဘာလ (၁၆)ရက်က သာကေတအ၀ိုင်းမှာ ပြုလုပ်ခဲ့တဲ့ အရေးပေါ်ကယ်ဆယ်ရေးသရုပ်ပြပွဲမှသိရပါတယ်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်အနေနဲ့ အရေးပေါ်ကယ်ဆယ်ရေး သင်တန်းတွေကို ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက်သင်ကြားပေးနေပြီး အခုသင်ကြားပေးတဲ့ သင်တန်းအမှတ်စဉ်(၂၀)မှာတော့ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့ဒေသတွေက သင်တန်းသား၊သင်တန်းသူအယောက်(၃၀၀)ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီအရေးပေါ်ကယ်ဆယ်ရေးသင်တန်းကတော့ ပရဟိတသမားတွေအနေနဲ့ အရေးပေါ် လူနာတွေကို ကယ်ဆယ်၊ပြုစု၊စောင့်ရှောက်၊ကိုင်တွယ်ပုံတွေနည်းမှန်လမ်းမှန်နဲ့ ကယ်ဆယ်နိုင်ဖို့ ဖြစ်တယ်လို့သိရပါတယ်။
သင်တန်းသားတွေအနေနဲ့ယခင်က အရေးပေါ်လူနာတွေကိုကယ်ဆယ်စဉ်က အသုံးပြုခဲ့တဲ့ နည်းလမ်းတချို့ဟာ အမှားတွေပါဝင်ခဲ့ပြီး ယခုသင်တန်းတက်ပြီးနောက် အရေးပေါ် လူနာတွေကို နည်းလမ်းမှန်စွာနဲ့ကယ်ဆယ်နည်း၊ပြုစုနည်း၊စောင့်ရှောက်နည်းတွေကို ကယ်ဆယ်နိုင် တယ်လို့ သင်တန်းသားတစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်အနေနဲ့နိုင်ငံတကာအဆင့်မှီ အရေးပေါ် သင်တန်းတွေကို (၂၀၁၁)ခုနှစ်နောက်ပိုင်းကစပြီး အခမဲ့သင်ကြားပေးနေတာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ အဖွဲ့ဝင်ပေါင်း(၅)သောင်းကျော်ရှိနေပြီလို့ သိရပါတယ်။သင်တန်းမှာဘာသာရပ် (၂၄)မျိုးပါဝင်ပြီး မြေပြင် မတော်တဆမှု၊မီးဘေး၊ရေဘေး၊လေဘေးနဲ့ငလျင်တွေဖြစ်လာတဲ့အခါ အရေးပေါ်ကယ်ဆယ် ရတဲ့ နည်းပညာတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်။
 


Follow us on