1. Home
  2. Good Morning Myanmar

ငါးလုပ်ငန်း တက္ကသိုလ် ၂၀၂၀ နှစ်အကုန် ဖွင့်လှစ်သွားမည်

Good Morning Myanmar ต.ค. 19, 2560 view 1,475
ပြည်တွင်းရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ငါးလုပ်ငန်းကဏ္ဍမှာ လိုအပ်နေသော လူသားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ဖို့ ငါးလုပ်ငန်းတက်္ကသိုလ်ကို ၂၀၂၀ နှစ်အကုန်မှာ ဖွင့်လှစ်သွားမယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှသိရပါတယ်။
ငါးလုပ်ငန်းတက္ကသိုလ်တည်ထောင်ရေးအတွက် အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်း တာ အောင်မြင်ခဲ့တာကြောင့် တက်္ကသိုလ်ပေါ်ထွန်းလာရေးလုပ်ငန်းအစည်းအဝေးတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။
သုံးနှစ်စီမံကိန်းရေးဆွဲထားပြီး ၂၀၂၀ နှစ်ကုန် အပြီးသတ်ဖွင့်လှစ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။တက္ကသိုလ်တည်နေရာကိုတော့ ငါးလုပ်ငန်းအများစုလုပ်ကိုင်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး မှာ တည်ထောင်ဖို့ ပထမဦးစားပေးရည်မှန်းထားပြီး ဧရာဝတီတိုင်းဒေသကြီးကိုလည်း ထည့်သွင်းစဉ်းစား ထားတယ်လို့သိရပါတယ်။
ငါးလုပ်ငန်းကဏ္ဍက နိုင်ငံခြားဝင်ငွေရှာပေးနိုင်ပြီး ကျေးလက်ဒေသတွေမှာပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တာကြောင့် ရေလုပ်ငန်းကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ပေးဖို့ ငါးလုပ်ငန်းတက္ကသိုလ်ကို ဖွင့်လှစ်ရခြင်းဖြစ်တယ်လို့သိရပါတယ်။
ပြည်တွင်းမှာ ငါး၊ပုစွန်ဖမ်းဆီးရေး၊မွေးမြူရေးလုပ်ငန်းတွေနဲ့အသက်မွေးနေတဲ့ ပြည်သူ ၃.၅ သန်းအထိ ရှိနေတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၁)ရက်က နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၃၆) မှာ တက်္ကသိုလ်တည်ထောင်ရေးဆိုင်ရာတာဝန်ရှိသူတွေ စုပေါင်းပြီး ပထမအကြိမ် လုပ်ငန်းအစည်းအဝေးပြုလုပ်ခဲ့သေးတယ်လို့သိရပါတယ်။
 


Follow us on