1. Home
  2. Myanmar News

ဒုတိယရဲမှူးကြီး(၄)ဦးကို ရဲမှူးကြီးရာထူးအဆင့်သို့ ယာယီတိုးမြှင့်ခန့်အပ်

Myanmar News ต.ค. 19, 2560 view 1,605

ပြည်ထဲရေးဝန်ကြီးဌါန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နေပြည်တော်ရဲမှူးကြီးအပါအဝင် ရဲမှူးကြီး (၉)ဦးကို သက်ဆိုင်ရာဌါနအလိုက် ပြောင်းရွှေ့တာဝန်များ ပေးအပ်ခဲ့ပြီး ဒုတိယရဲမှူးကြီး(၄)ဦးကို ရဲမှူးကြီးရာထူးအဆင့် ယာယီတိုးမြှင့်ခန့်အပ်လိုက်ကြောင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်ကြေညာခဲ့သည်။

နေပြည်တော်ရဲတပ်ဖွဲ့ ရဲမှူးကြီးဇော်ခင်အောင်၏ နေရာတွင် ရဲလေ့ကျင့်ရေးဌါနကြီး ဒုတိယရဲလေ့ကျင့်ရေးအရာရှိချုပ် ရဲမှူးကြီးထက်လွင် ကို ပြောင်းရွှေ့တာဝန်ခန့်အပ်ခဲ့ပြီး နေပြည်တော်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲမှူး ယာယီရဲမှူးကြီး ရွှေသောင်း၏ နေရာတွင် အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့  ကွပ်ကဲရေးမှူး ရဲမှူးကြီးစိုးလင်းအောင် ကို ပြောင့်ရွှေ့ခန့်အပ်ခဲ့သည်။

ရဲမှူးကြီးဇော်ခင်အောင် အား ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ယာယီရဲမှူးကြီးရွှေသောင်း ကို မှုခင်းဌါနရဲဦးစီးဌါနကြီး ညွှန်ကြားရေ:မှူးအဖြစ် ပြောင်းရွေ့တာဝန်ပေးအပ်ခံခဲ့ရကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်ဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလူလူသန်း ကို ရဲအရာရှိအတတ်သင်ကျောင်း ကျောင်းအုပ်ကြီးအဖြစ်၎င်း၊ မှုခင်းဌါနရဲဦးစီးဌါနကြီး ညွှန်ကြားရေးမှူး ရဲမှူးကြီးလေးစိုး ကို စစ်ကိုင်းတိုင်းဒေသကြီး ရဲမှဓးအဖြစ်၎င်း၊ ရဲအရာရှိအတတ်သင်ကျောင်းအုပ်ကြီး ရဲမှူးကြီးမင်းအောင် ကို ရဲလေ့ကျင့်ရေးဌါန ဒုတိယရဲလေ့ကျင့်ရေး အရာရှိချုပ်အဖြစ်၎င်း ပြောင်းရွှေ့ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ရဲတပ်ဖွဲ့  ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးဝင်းသန်း ကို အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့သို့ ဦးစီးအရာရှိပထမတန်းအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးသက်လွင်အောင် ကို ဒုတိယရဲမှူးကြီးရာထူးအဆင့် ယာယီတိုးမြှင့်ကာ အမှတ်(၃) ရဲတပ်ဖွဲ့ခွဲမှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။

အောက်တိုဘာ လဆန်းပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထိပ်ပိုင်းအဆင့် ရဲမှူးချုပ်များကို ပြောင်းရွေ့တာဝန်ထမ်းဆောင်ရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိရဲချုပ်အောင်ဝင်းဦး ယခင်ကထမ်းဆောင်ခဲ့သော ဒုတိယရဲချုပ်နေရာတွင် အစားထိုးခန့်အပ်ထားခြင်းမရှိသေးကြောင်း TheVoiceDaily သတင်းတွင် ဖော်ပြပါရှိသည်။

 



Follow us on