ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းတွေမှာGPS တပ်ဆင်ဖို့ အတွက် အကြီးစားပြင်ဆင်မှုပြုလုပ်နေတဲ့ ယာဉ်အချို့နဲ့ယာဉ်သစ်တွေသာ ကျန်ရှိနေတာဖြစ်တယ်လို့YUPT ကုမ်္ပဏီမှတာဝန်ရှိသူက ပြောပါတယ်။
YBS စနစ်မှာပြေးဆွဲနေတဲ့ ယာဉ်အစီးရေ(၄၀၀၀)ကျော်လုံးကို အခကြေးငွေ ပေးစရာမလိုပဲ GPS စနစ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တပ်ဆင်ပေးတာဖြစ်ပါတယ်။ ဒီလိုတပ်ဆင်ဖို့အတွက် ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာတပ်ဆင်ဖို့ စာရင်းပေးထားတဲ့ယာဉ်လိုင်းတွေကို အောက်တိုဘာ(၁၅)ရက်မှာ အပြီးတပ်ဆင်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့တာကြောင့် လက်ရှိမှာတော့စာရင်းပေးထားတဲ့ ခရီးသည် တင်ယာဉ်အားလုံးဟွာဏှ စနစ်တပ်ဆင်ပြီးဖြစ်တယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ GPS စနစ်တပ်ဆင်ပေးတာဟာ YBS ယာဉ်လိုင်းတွေကိုခရီးသည်ပို့ဆောင်တာကိုပဲအဓိကလုပ်စေချင်တာအပြင် ယာဉ်မောင်းတွေ အနေနဲ့ သတ်မှတ်လမ်းကြောင်းမှာမပြေးဆွဲပဲ နယ်ခရီးတွေကို သီးခြားသွားရောက်မောင်းနှင်တာတွေ မရှိအောင်လည်း တပ်ဆင်ပေးတာဖြစ်ပါတယ်။ဒါကြောင့်ယာဉ်မောင်းတွေအနေနဲ့စည်းကမ်းမဲ့တာတွေ၊ ယာဉ်အချင်းအချင်းအပြိုင်အဆိုင်မောင်းနှင်မှုတွေ လျော့ကျစေဖို့အတွက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒုတိယအသုတ်အနေနဲ့ YBS ယာဉ်လိုင်းရဲ့ကျန်ရှိနေတဲ့ အကြီးစား ပြင်ဆင်နေရတဲ့ ယာဉ်အချို့နဲ့ယာဉ်သစ်တွေကို GPS စနစ်ကို ထပ်မံတပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ GPS စနစ်တပ်ဆင်ဖို့အတွက် စာရင်းပေးသွင်းခြင်းမရှိတဲ့ ယာဉ်တွေကို အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့သိရပါတယ်။