1. Home
  2. Special or Others

ကြံကြံဖန်ဖန်ရေမွှေးစမ်းတာ ဂါဝန်ကြီးလှန်ရတယ်လို့

Special or Others ต.ค. 19, 2560 view 1,456

ရေမွှေးကြိုက်သူတွေအတွက်တော့ အပြင်ထွက်ခါနီး ရေမွှေးကုန်နေတာမျိုးနဲ့ တိုးတဲ့အခါ ကသိကအောက်ဖြစ်ရပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ နီးစပ်ရာ စတိုးဆိုင်တစ်ခုသွားပြီး ရေမွှေးကောင်တာမှာ စမ်းသပ်ဖို့ ပေးထားတဲ့ Tester လေးတွေ ဖျန်းပြီး ပြန်ထွက်လာလိုက်ရင် အဆင်ပြေပြီ မဟုတ်ပါလား..။

ပုံမှန်အားဖြင့် ရေမွှေးကို လက်ကောက်ဝတ်မှာ ဖျန်းပြီး နောက်လက်တစ်ဖက်က လကကောက်ဝတ်နဲ့ ပွတ်ကာ ကို့ရဲ့ လည်ပင်းပိုင်းနေရာလေးတွေကို လိုက်ပွတ်ပေးလိုက်ရင် အဆင်ပြေပြီလို့ ဆိုရပါမယ်။


ဒါပေမယ့် အမျိုးသမီးတစ်ဦးကတော့ ရေမွှေးဖျန်းတဲ့နေရာမှာ သူများထက်ထူးတယ်လို့ ဆိုရမှာပါ။ အပြင်သွားခါနီး အိမ်မှာရေမွှေးကုန်နေဟန်တူတဲ့ အမျိုးသမီးတစ်ဦးဟာ စတိုးဆိုင်ထဲဝင်ပြီး မယောင်မလည် လုပ်ကာ ရေမွှေးဖျန်းခဲ့ပါတယ်။ သာမန်ဖျန်းတာဆိုရင် အထူးဆန်းမဟုတ်ပေမယ့် သူမဟာ လက်ကောက်ဝတ် အပြင် ဝတ်ထားတဲ့ ဂါဝန်ကိုပါလှန်ပြီး ပေါင်ခြံကြားထဲနဲ့ အတွင်းခံကို ပါ ဆွတ်ဖျန်းပါတယ်။

သူမ လုပ်ချင်တာတွေလုပ်ပြီး အပေါ်မော့ကြည့်လိုက်မှ စီစီတီဗီ ကင်မရာကို မြင်လိုက်ရတဲ့အခါမှာတော့ အားလုံးနောက်ကျသွာပြီဆိုတာ သူမဘောပေါက်လိုက်ပါတယ်။


 



Follow us on