1. Home
  2. Movie Stars - Celebrity

Game Of Thrones မင်းသမီး ဆိုဖီတာနာ ချစ်သူနဲ့စေ့စပ်

Movie Stars - Celebrity ต.ค. 21, 2560 view 2,295

HBO ရဲ့ နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲ ဖြစ်တဲ့ Game Of Thrones စီးရီးထဲတွင် စန်ဆာစတက်ခ်(Sansa Stark) အဖြစ် ငယ်စဉ်ကလေးဘဝထဲက ဆက်တိုက်သရုပ်ဆောင်ခဲ့သူ ဗြိတိသျှမင်းသမီး ဆိုဖီတာနာ(Sophie Turner) ဟာ သူမရဲ့ချစ်သူတို့ စေ့စပ်ခဲ့ကြကြောင်း လူမှုကွန်ယက်တွင် ကြေညာခဲ့ပါတယ်။


သူမထက် အသက် ခုနှစ်နှစ်ခန့်ကြီးတဲ့ ချစ်သူ Joe Jonas နဲ့ စေ့စပ်လိုက်ပြီလို့ ဂျိုးရဲ့ အင်စတာဂရမ်မှာ ဖော်ပြခဲ့ပါတယ်။


Joe Jonas ဟာ ဒစ်စနေရဲ့ဇာတ်လမ်းတွေထဲမှာ ကလေးသရုပ်ဆောင်အဖြစ် ငယ်စဉ်က သရုပ်ဆောင်ခဲ့ဖူးတဲ့ သရုပ်ဆောင် အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။


Joe ရဲ့ အစ်ကိုဖြစ်သူ Nick Joans က သူတို့ရဲ့ စေစပ်မှုကို ပထမဦးဆုံး Congratulation လုပ်ခဲ့ပါတယ်။


ဆိုဖီတာနာ ကို တီဗီပေါ်မှာ ၂၀၁၉ Game Of Thrones ရဲ့ နောက်ဆုံးရာသီ ဇာတ်လမ်းတွဲ ထုတ်လွှင့်ချိန်ထိ  မြင်တွေ့ရမှာမဟုတ်ပေမယ့် အသစ်ထွက်ရှိမယ့် X-Men:Dark Pheonix ရုပ်ရှင်ဇာကားမှာ Jean Grey ဇာတ်ကောင်အဖြစ် ပိတ်ကားပေါ်မှာတော့ မြင်တွေ့ရမှာဖြစ်ပါတယ်။

 



Follow us on