1. Home
  2. Special or Others

လွန်ခဲ့သော ၁၂ ကသတ်ခဲ့သည့်သမီးအလောင်းနဲ့အတူ လာရောက်အဖမ်းခံခဲ့သည့် ဖခင်

Special or Others ต.ค. 23, 2560 view 1,399

တိုင်ဝမ်အနောင်တောင်ပိုင်းမှာ ရှိတဲ့ ရဲစခန်းတစ်ခုထဲကို အထုတ်မဲကြီးတစ်ထုတ်ဆွဲကာ အမျိုးသားတစ်ဦးလာရောက် အဖမ်းခံခဲ့ပါတယ်။ သယ်လာတဲ့ အထုတ်ထဲမှာတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က သူကိုယ်တိုင်သတ်ခဲ့တဲ့ လသားသမီးလေးရဲ့ အလောင်းကို ထည့်လာခြင်းဖြစ်ပါတယ်။ ဒီအဖြစ်ပျက်ကြောင့် အတော်လေးတုန်လှုပ်ခဲ့ရတယ်လို့ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။


အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ “လင်း” ဆိုတဲ့ အမျိုးသားဟာ သူ့ရဲ့လသားအရွယ်သမီးငယ်ကို ၂၀၀၅ ခုနှစ်မှာ မထင်မှတ်ပဲ သတ်မိခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ဇနီးသည်အပြင်သွားခိုက် ကလေးကို နို့ဗူးတိုက်စဉ် ကလေးက အရမ်းငိုနေခဲ့တာကြောင့် ဒေါသဖြစ်ပြီး စိတ်မထိန်းနိုင်ဖြစ်ကာ သတ်မိခဲ့တာဖြစ်ပါတယ်။

ကလေးသေသွားပြီဆိုတာကို သိတဲ့နောက် သူဟာ ကြောက်ကြောက်လန့်လန့်နဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေပြီး နောက်ဆုံးမှာ ကလေးအလောင်းကို အိတ်နဲ့ထုတ်ကာ သူတို့လင်မယားအိပ်တဲ့ ခုတင်အောက်မှာဖွက်ထားခဲ့ပါတယ်။
ဇနီးဖြစ်သူ အိမ်ပြန်ရောက်လာတဲ့အခါမှာတော့ ကလေးကို သူ့အဖွားက မွေးမယ်ဆိုလို့ အတင်းအဓ္ဓမလာခေါ်သွားကြောင်း အကြောင်းပြခဲ့ပါတယ်။ (ဒါဟာ သူ့ရဲ့ဇနီးလုံးဝ လိုက်သွားဖို့ မဖြစ်နိုင်တဲ့ အကြောင်းပြချက်ကောင်းလို့ ဆိုပါတယ်)

နောက်ထပ် နှစ်နှစ်အကြာမှာ သူတို့မှာ သမီးလေးတစ်ဦး ထပ်မံထွန်းကားခဲ့ပါတယ်။ သူတို့ လင်မယားမကွဲခင် ၂၀၁၃ ခုနှစ်ထိ သမီးအလောင်းဖွက်ထားတဲ့ ကုတင်ပေါ်မှာပဲ ၉ နှစ်ကြာ အတူအိပ်စက်ခဲ့ပေးမယ့် ဇနီးဖြစ်သူက ဒီအကြောင်းကို လုံးဝ မသိခဲ့ပါဘူး။

မိန်းမနဲ့ ၂၀၁၃ ခုနှစ်မှာ ကွာရှင်းပြီးနောက် “လင်း” ဟာ ဟိုနယ် ဒီနယ်ရွေ့ပြောင်းရင် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူဘယ်နေရာပဲသွားသွား သူ့ရဲ့သမီးလေးအလောင်းကိုတော့ အိတ်နက်ကြီးထဲထည့်ကာ ယူသွားခဲ့ပါတယ်။

နောက်ဆုံးမှာ တိုင်ဝမ်မှာ လက်တလောဖြစ်ခဲ့တဲ့ မိဘဖြစ်သူက သားသမီးကို သတ်ခဲ့တဲ့ သတင်းကို ကြားပြီးတဲ့အခါ အဖမ်းခံဖို့အတွက် တွန်းအားတွေရခဲ့ပြီး အခုလိုလာရောက် အဖမ်းခံခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။


လွန်ခဲ့တဲ့ ငါးနှစ်က “လင်း” ရဲ့ ပထမသမီးဟာ ကျောင်းနေအရွယ်ဖြစ်ပေမယ့် ကျောင်းသားစာရင်းမှာ မတွေ့ရတဲ့အတွက် အာဏာပိုင်တွေက သွားရောက်စစ်ဆေးတဲ့အခါမှာ “လင်း” ရဲ့ အမျိုးသမီးဖြစ်သူက သမီးကြီးကို သူ့အဖေဘယ်ခေါ်သွားမှန်း သူမသိဘူးလို့ ဖြေကြားခဲ့ကြောင်း ရဲမှူးကြီးက ကွင်းဆက်ပြောကြားခဲ့ပါတယ်။

 



Follow us on