1. Home
  2. Special or Others

ဥရောပတိုင်းပြည်တစ်ခုမှ စင်ကာပူသို့ သုံးနှစ်ကြာလမ်းလျှောက်လာခဲ့တဲ့ ဂီတသမား

Special or Others ต.ค. 24, 2560 view 1,434

အသက် ၂၇ နှစ်အရွယ် ဂီတသမားတစ်ဦးဖြစ်သူ Meigo Mark ဟာ ခရီးထွက်ရတာနှစ်သက်သူဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာကြီးကို လမ်းလျှောက်ပြီး ပတ်ကြည့်ဖို့ စိတ်ကူးရခဲ့ပြီး အကောင်အထည်ဖော်ခဲ့တာပါ။


သူဟာ  ၁၁ နှစ်ကြာ ကမ္ဘာကို ခြေလျင်ပတ်ခဲ့တဲ့ ကနေဒါနိုင်ငံသား Jean Beliveau ရဲ့ အကြောင်းကို ကြားဖူးထားပါတယ်။ Jean Beliveau က သူ့ရဲ့ခရီးစဉ်အတွင်း ဟိုတယ်တွေမှာ မတည်းပဲ ရောက်တဲ့နေရာက အိမ်တွေမှာ ဝင်ရောက်တည်းခိုခဲ့တဲ့ အကြောင်းတွေကို သိထားပြီး အားကျခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။


ခြေလျင်ကမ္ဘာပတ်တဲ့ ခရီးစဉ်မှာ ချောင်းတွေ မြစ်တွေခံနေရင်တော့ သင်္ဘော၊ လှေ၊ လေယာဉ် တို့နဲ့ခရီးဆက်ပါတယ်။ မြေပြင်ပေါ် ခြေချမိပြီဆိုတာနဲ့ လမ်းပဲလျှောက်ခဲ့ပါတယ်။ လမ်းမှာ ကားကြုံတွေက တင်ခေါ်ပေမယ့်လည်း သူကမလိုက်ပဲ ခြေလျင်နဲ့သာ ခရီးထွက်ခဲ့ပါတယ်။

သူဟာ ဥရောပတိုင်းပြည်တစ်ခုဖြစ်သော Estonia မှစတင်ခရီးထွက်လာကာ ၃နှစ်ကြာ ခြေလျင်ခရီးနှင်ပြီး စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။ ခုချိန်ထိ ဖိနပ် ၂၁ ရံ လဲခဲ့ရတယ်လို့ဆိုပါတယ်။


ယခုကဲ့သို့ ခြေလျင်ခရီးနဲ့ ကမ္ဘာပတ်ရတဲ့ အကြောင်းရင်းက စံချိန်တင်ဖို့ ကြိုးစားနေတာ မဟုတ်ပဲ ဘဝမှာ အကြီးကျယ်ဆုံးအတွေ့အကြုံတွေကို ရှာဖွေနေခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။ သူရဲ့ဆန္ဒပြည့်ဝဖို့အတွက် ခြေလျင်ခရီးဆက်မယ့် အစီစဉ်ကို နောက်ထပ် ၆ နှစ်ကြာ ဆက်လုပ်သွားမှာဖြစ်ပါတယ်။

Google Map ကို အသုံးပြုကာ ခရီးထွက်ခဲ့ခြင်းဖြစ်ပြီး လမ်းတိုတွေချည်း မသုံးပဲ ရောက်တဲ့တိုင်းပြည်မှာ ရွာငယ်လေးတွေကအစ ပတ်ကြည့်ပြီး ဟိုင်းဝေးလမ်းတွေထက်စာရင် မြို့တွေဖြတ်တဲ့ လမ်းတွေကသာ လျှောက်လာခဲ့တယ်လို့ ဆိုပါတယ်။


အခုဆိုရင် သူဟာ သုံးနှစ်အတွင်း ကီလိုမီတာပေါင်း ၁၇,၈၀၂ ကို ဖြတ်ကျော်ကာ စင်ကာပူနိင်ငံသို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ သူဖြတ်ကျော်ခဲ့တဲ့ နိုင်ငံတွေ ဗီဇာအဝင်အထွက် တံဆိပ်ဆုံးတွေကြောင့် အခုဆိုရင် သူ့ရဲ့ ပတိစ်ပို့မှာ စာမျက်နှာ တစ်ရွက်ပဲကျန်ပါတော့တယ်။ ဒါကြောင့်မို့ ပတ်စ်ပို့အသစ်လုပ်ဖို့ စင်ကာပူမှာ ၃ ပတ်ကနေ ၅ ပတ်လောက်ထိ ကြာဦးမှာဖြစ်ပါတယ်၊ ပြီးရင်တော့ သူ့ရဲ့ ခြေလျင်ခရီးကို နောက်ထပ် ၆ နှစ်ကြာ ရှေ့ဆက်မှာဖြစ်ပါတယ်။
 



Follow us on