1. Home
  2. Movie Stars - Celebrity

နီနီ ရဲ့ New Album Releasing Party

Movie Stars - Celebrity ต.ค. 24, 2560 view 1,433

နီနီခင်ဇော်ရဲ့ တတိယ တစ်ကိုယ်တော်အခွေ ကို “ U”  လို့နာမည်ပေးထားပြီး တတိယအခွေနဲ့ ပတ်သတ်လို့ New Album Releasing party ကိုအောက်တိုဘာ ၂၉ ရက်နေ့ညနေ ၃ နာရီ မှာ လှည်းတန်းစင်တာမှာပြုလုပ်သွားမှာဖြစ်ပါတယ်။ အခွေမထွက်ခင်ကိုယ်တိုင်ရေးထားတဲ့ မူး နဲ့ မိုး သီချင်း ၂ပုဒ်ကို အွန်လိုင်းကနေဖြန့်ခဲ့ ပြီး ထိုသီချင်းတွေ ပြန်ပါအုံးမလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး ။ ကိုယ်တိုင်ရေးသီချင်းတွေနဲ့ ပတ်သတ်ပြီ “ instrument နဲ့ ပတ်သတ်ပြီး Piano ကိုလေ့လာထားပြီး Basic လောက်နီနီတီးတက်တယ် ။ သီချင်းရေးတဲ့ အခါလဲ instrument တွေတီးတက်မှမဟုတ်ပါဘူး  နီနီ တို့ နှစ်ပေါင်းများစွာ သီချင်းဆိုလာတဲ့ အခါကျတော့ Melody  လေးတွေ Tunes လေးတွေ နားထဲမှာ စွဲပြီးတော့ တစ်ခါတလေ ကိုယ့်ဘာသာ အမှတ်တမဲ့နဲ့ ညည်းဖြစ်လိုက်တွှဲ့ သံစဉ်လေးတွေက ကောင်းနေတတ်တာတွေ ရှိတယ် ။ဒါမျိုးလေးတွေဆိုရင် ဆက်ပြီးရေးဖြစ်တယ် ။”

Featuring တွဲဆိုမယ့် သူ မှန်းတဲ့ အဖြေမှန်သွားတဲ့ ပထမဆုံးအယောက် ၅၀ ကိုလည်း  "U" T Shirt လေးတွေ ကို 29th ရက်နေု့ကရင် Hledan Center မှာ FB Acc Name လေးပြပြီး ညနေ ၃ နာရီမှာ စတင်ထုတ်ယူနိုင်မှာ ဖြစ်ပြီး  နီနီ နဲ့ T Shirt ဆင်တူလေးတွေဝတ်ကြရမှာဖြစ်ပြီး  Launching Party Time ကတော့ ၄ နာရီ စမှာ ဖြစ်ပါတယ် .

နီနီ ရဲ့ U စီးရီးမှာ Red Generation ကနေရွေးချယ်ထားတဲ့ အဆိုတော် အသစ် Annie လည်းပါဝင်မှာပါ ။ အသစ်သစ်တွေ တွေ့ရအောင် အမြဲကြိုးစားနေပါတယ် ။ ကိုယ့်ကိုကိုယ်လည်း အမြဲတမ်းပြောင်းလဲအောင်နေထိုင်တယ် ။ နီနီကိုနားလည်ပြီး ချစ်ပေးတဲ့ ပရိတ်ကြီးကို ကျေးဇူးတင်ပါတယ် ဆိုပြီ ပြောထားပါတယ် ။

Credit:popular



Follow us on