1. Home
  2. Good Morning Myanmar

ဂျပန်ရွေးကောက်ပွဲတွင် ကနဦးမဲရလဒ်များအရ ၀န်ကြီးချုပ် ရှင်ဇိုအာဘဲ၏ ပါတီဦးဆောင်နေ

Good Morning Myanmar ต.ค. 25, 2560 view 1,416
တနင်္ဂနွေနေ့မှာကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲအသာရနိုင်ပြီဆိုတာကို ကနဦးမဲရလာဒ်တွေက ပြသနေချိန်မှာပဲ မြောက်ကိုရီးယားအရေးကို တိတိကျကျကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘဲကပြောပါတယ်။ပြုံရမ်းရဲ့ခြိမ်းခြောက်မှုအပါအ၀င် ဂျပန်နိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းရေးလုပ်ပိုင်ခွင့်တိုးရနိုင်ဖို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘဲက ရွေးကောက်ပွဲကို စောပြီးကျင်းပခဲ့တာပါ။
ဂျပန်မီဒီယာတွေမှာတော့ ၀န်ကြီးချုပ်အာဘဲရဲ့အာဏာရညွန့်ပေါင်းအဖွဲ့ဟာ လွှတ်တော်အတွင်း အမတ်နေရာ သုံးပုံ၊၂ ပုံကို ရရှိထားတယ်လို့သိရပါတယ်။ဒါ့ကြောင့် မစ်္စတာ အာဘဲအတွက် စစ်ပွဲအလွန်ပစိဖိတ်ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ဖို့ လမ်းကြောင်းဖော်ဆောင်ပေးနိုင်တဲ့ အခြေအနေရှိနေပါတယ်။ကနဦးရလာဒ်တွေထွက်ပေါ်ပြီးတဲ့နောက် ရွေးကောက်ပွဲမှာ ကတိပေးထား ခဲ့သလို သူမလွဲမသွေလုပ်ဆောင်ရမယ့်အလုပ်ဟာ မြောက်ကိုရီးယားအရေးကို တိတိကျကျကိုင်တွယ် ဖြေရှင်းသွားဖို့ဖြစ်ပြီး အဲဒီလိုကိုင်တွယ်ရာမှာ သံတမန်ရေးနည်းလမ်းကို အဓိကသုံးသွားမယ်လို့ အာဘဲက ပြောပါတယ်။
ဒေသတွင်းသတင်းဖော်ပြချက်တွေအရ အာဘေးရဲ့အာဏာရလစ်ဘရယ်ဒီမိုကရက် တစ်ပါတီနဲ့ မဟာမိတ်ပါတီ ခိုမီအီတိုတို့ဟာ အောက်လွှတ်တော်အမတ်နေရာ ၄၆၅ နေရာမှာ ၃၁၂ နေရာအထိရထားတယ်လို့သိရပါတယ်။အခုရလာဒ်တွေဟာ တည်ငြိမ်တဲ့နိုင်ငံရေးကိုအခြေခံပြီး တိကျတဲ့ ရလာဒ်ကောင်းတွေထွက်လာဖို့ ပြည်သူတွေက လိုလားနေတယ်ဆိုတာ ပြနေတယ်လို့ အာဘဲကပြောပါတယ်။အဲဒီလိုလားချက်တွေကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားသွားမယ် လို့လည်း အာဘဲကပြောထားပါတယ်။
https://www.facebook.com/GoodMorningMyanmarLive/videos/2111687412190711/


Follow us on