1. Home
  2. Myanmar News

ကျိုက်ထီးရိုးတောင် ကေဘယ်လ်ကား ဒီဇင်ဘာလဆန်းတွင် ဖွင့်လှစ်မည

Myanmar News ต.ค. 26, 2560 view 1,659

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရောက်နိုင်မည့် ကေဘယ်လ်ကားကို ဒီဇင်ဘာလဆန်းတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကေဘယ်လ်ကားစီမံကီန်းကို ဆောင်ရွက်နေသော Sky Asia ကုမ္ပဏီမှ သိရှိရသည်။

လက်ရှိတွင် ကေဘယ်လကား ဆွဲဆိုင်း ၄၃ ဆိုင်းကို တပ်ဆင်ထားပြီး အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ကာ စမ်းသပ်ပြေးဆွဲမှု လုပ်ငန်းစဉ်များ ပြုလုပ်နေပြီဖြစ်သည်။ အဆိုပါ ကေဘယ်လ်ကားမှာ ကျိုက်ထီးရိုးစေတီ ရသေ့တောင်စခန်းမှ ရင်ပြင်တော်အနီး စခန်းအထိ ပြေးဆွဲမည်ဖြစ်သည်။

ကေဘယ်လ်ကားတစ်တွဲလျှင် လူ(၈)ဦးထိ စီးနင်းလိုက်ပါနိုင်မည်ဖြစ်ပြီး စီးနင်းခအဖြစ် လူတစ်ဦးလျှင် ကျပ် ၃,၀၀၀၊ နိုင်ငံခြားသားတစ်ဦးလျှင် ၅ ဒေါ်လာနှင့် အာမခံကျသင့်ငွေကို ပေးချေရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကောင်းကင်ကြိုးရထား ကေဘယ်လ်ကားစနစ် ဖြစ်သည့်အတွက် လုံခြုံစိတ်ချမှုရှိစေရေးအတွက် စမ်းသပ်မှုများ အကြိမ်ကြိမ်ပြုလုပ်နေပြီး ကေဘယ်လ်ကားစီးခရီးသည်များအတွက် အသက်အာမခံကြေးထားရှိနိုင်ရန် ကမ္ဘောဇဘဏ်နှင့် ညှိနှုင်းဆောင်ရွက်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း Sky Asia ကုမ္ပဏီမှ အထူးအကြံပေး ဦးမျိုးဝေက ပြောကြားခဲ့ကြောင်း သိရှိရသည်။
 



Follow us on