1. Home
  2. Myanmar News

အိုင်တီနည်းပညာ သုံးစွဲမှုကို ထိန်းကျောင်းရန် လွှတ်တော်တွင် အဆိုတင်သွင်း

Myanmar News ต.ค. 26, 2560 view 1,430

အင်တာနက်၊ မိုဘိုင်းဖုန်းများ နိုင်ငံတစ်ဝှမ်း တွင်ကျယ်စွာ အသုံးပြုလာကြပြီးနောက် အိုင်တီနည်းပညာကို ရည်ရွယ်ချက်ဆိုးများဖြင့် သုံးစွဲမှုများ ရှိလာတဲ့အပေါ် လိုအပ်သလို စောင့်ကြည့်ထိန်းချုပ်ကျောင်းရန် အဆိုကို ပြည်သ့လွှတ်တော်တွင် အောက်တိုဘာ ၂၅ ရက်နေ့က တင်သွင်းခဲ့သည်။

ယင်းအဆိုကို ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က လူငယ်လူရွယ်များ အကျင့်စာရိတ္တပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင်ကြည့်ထိန်းကျောင်း (Monitoring) လုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုကို တင်သွင်းခဲ့သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌါနမှ ရရှိသော အချက်လက်များအရ မိုဘိုင်းအသုံးပြုသူများတွင် အင်တာနက်အသုံးပြုမှု ရာနှုန်းပြည့်နီးပါးရှိနေပြီး Facebook အထူးအသုံးပြုကြကြောင်း သိရှိခဲ့ရသည်။

Facebook မှတစ်ဆင့် တရားမဝင်လောင်းကစားမှု၊ တရားမဝင်ရောင်းဝယ်မှု၊ တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကျဆင်းရန် လုပ်ကြံဖြန့်ချိမှု၊ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများနဲ့  လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် သတင်းမှားဖြန့်ဝေမှုများ မြင့်တက်လာသဖြင့် IT နည်းပညာအလွဲသုံးမှုများကို စောင့်ကြည့်ထိန်းကျောင်းပေးရန်၊ မီဒီယာလွပ်လပ်ခွင့်နဲ့ ပြည်သူတို့၏ သတင်းသိပိုင်ခွင့်များကို မထိခိုက်စေပဲ ထိန်းကျောင်းပေးရန် လိုအပ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ယင်းအဆိုနဲ့ ပက်သက်၍ လသာမဲဆန္ဒနယ်မှ ဒေါ်ခင်မို့မို့အောင်မှ ထောက်ခံဆွေးနွေးခဲ့သည်။ ထိုနောက်ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းပြင်ဆင်ချက်အဆိုနဲ့ စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်ပြင်ဆင်ချက်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
 



Follow us on