1. Home
  2. Special or Others

ကားပေါ်မှကွမ်းယာဆင်းဝယ်သောသူအား စီးနင်းလာသောယာဉ်မှ တက်ကြိတ်

Special or Others ต.ค. 27, 2560 view 1,491

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် ကွမ်းယာဆင်းဝယ်သောသူအား ၎င်းစီးနင်းလာခဲ့သော ယာဉ်မှပြန်လည်တက်ကြိတ်မိခဲ့ပြီး စိုးရိမ်ရသော အတွင်းလူနာအဖြစ် ဆေးရုံတင်ထားခဲ့ရကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၅ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် လယ်ဝေးမြို့နယ် နောင်ဘိုရွာတွင်နေသူ ယာဉ်မောင်း ဇာနည်မျိုး (၃၆ နှစ်)က ရန်ကုန်မှ နေပြည်တော်သို့ Toyota NOAH AZR65 ယာဉ်အမှတ် − − − −  − ကို မောင်းနှင်လာခဲ့သည်။

ရန်ကုန်မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်းမကြီး ဆက်သွယ်ထားသော ဆားဂွန်းလမ်း ဒိုင်းတရာကျေးရွာအနီး ဆောက်လုပ်ရေးဘီးခွန်ကောက် ဂိတ်အနီးတွင် ရပ်တန့်ပြီး ယာဉ်ပေါ်ပါလာသူ ရန်နိုင်ဇော် (၄၂ နှစ်) က ကွမ်းယာဆင်းဝယ်ခဲ့သည်။
ထိုနောက် ကားပေါ်သို့ ပြန်တက်ရန် ကားရှေ့မှ ဖြတ်စဉ် ကားရှေ့ဘန်ပါနဲ့ တိုက်မိပြီးလဲကျသွားစဉ် ယာဉ်အောက်ရောက်ရှိကာ အရှေ့ညာဘက်ဘီးနဲ့ ကြိတ်မိခဲ့သည်။

သွေးထွက်လွန်ဒဏ်ရာများနဲ့ ဖြူးဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ခဲ့ရပြီး စိုးရိမ်ရသောအခြေနေရှိကြောင်းသိရှိရသည်။ ယာဉ်မောင်းသူအား ဖြူးမြို့ရဲစခန်းမှ ယာဉ်(ပ)၅၀/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ−၃၃၈ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း ဒီမိုကရေစီတူဒေး သတင်းတွင် ဖော်ပြပါရှိသည်။
 



Follow us on