1. Home
  2. Special or Others

ခြေနှစ်ဖက်လက်နှစ်ဖက်မရှိပဲ အစိုးရရုံးမှာ ကွန်ပျူတာအော်ပရေတာရာထူးနဲ့ အလုပ်လုပ်နေသူ

Special or Others ต.ค. 27, 2560 view 1,446

Khushboo ဆိုသူ အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးဟာ ခြေထောက်နှင့် လက်တို့ ကိုယ်အင်္ဂါအပြည့်အစုံမရှိသော်လည်း အိန္ဒိယနိုင်ငံ Chhattisgarh ပြည်နယ် အစိုးရရုံးမှာ ကွန်ပျူတာအော်ပရေတာ အဖြစ်အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။

သူမဟာ မွေးရာပါ ကိုယ်လက်အင်္ဂါမပြည့်စုံရုံမျှသာမက အခြားဝေဒနာတွေကိုပါ ခံစားခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် သူမကိုယ်သူမ မသန်းမစွမ်းသူအဖြစ် မခံယူပဲ ကျောင်းစာကို သင်ယူခဲ့ရုံသာမက ကွန်ပျူတာဘာသာရပ်ကိုလည်း ဒီဂရီရအောင် ယူနိုင်ခဲ့ပါတယ်။

သူမရဲ့ဘဝမှာ ကိုယ်လက်အင်္ဂါမပြည့်စုံမှုတစ်ခုထဲက ဘဝတက်လမ်းတွေကို ပိတ်ဆို့ခဲ့တာ မဟုတ်ပါဘူး။ လက်လုပ်လက်စားမိသားစုဘဝမို့ ဖခင်ဖြစ်သူ ကွယ်လွန်သွားချိန်မှာ ဆင်းရဲချို့တဲ့ဆုံး အခြေနေထိ ရောက်ခဲ့ရပါတယ်။
မိခင်ဖြစ်သူ Dhamati က အိမ်တစ်ကာလည်ပြီး အိမ်အလုပ်တွေ လုပ်ကိုင်ပေးရင်းက ရတဲ့ပိုက်ဆံနဲ့ သူမနဲ့အတူ အစ်မကြီးနှစ်ယောက်ကို ကျောင်းထားပေးခဲ့ပါတယ်။

သူ့ကို ကျွန်မက အချိန်ပြည့်အလုပ်လေး ရစေချင်တာ၊ ဘာလို့လဲဆိုတော့ ကျွန်မသူ့အနားမှာ မရှိတဲ့အခါကျရင် အခက်အခဲမရှိစေချင်လို့ပါ” ဟု မိခင်ဖြစ်သူ Dhamati က ပြောကြားသည်။ လက်ရှိမှာတော့ မိခင်ဖြစ်သူက သူမကို နေ့စဉ်ချီပိုးပြီး ရုံးအပို့အကြို လုပ်ပေးနေရပါတယ်။

Khushboo ရဲ့ အလုပ်က GPS data တွေကို ကွန်ပျူတာစနစ်ထဲရိုက်သွင်းပေးရတာဖြစ်ပါတယ်။ သူမရဲ့ ကွန်ပျူတာကျွမ်းကျင်မှုကို ဗီဒီယိုမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။


 



Follow us on