1. Home
  2. Special or Others

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် နယူးယောက်မြို့ကို လည်ပတ်ခြင်း

Special or Others ต.ค. 27, 2560 view 1,558

လူတွေကို အတည်ပေါက်နဲ့ နောက်ပြောင်ကျီစယ်တဲ့ အဖွဲ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရဲ့ ပုံစံအတိုင်း ဝတ်စားပြင်ဆင်ပြီး နယူးယောက်မြို့ရဲ့ လမ်းမပေါ်မှာ လျှောက်သွားပြီး လူတွေရဲ့ တုံ့ပြန်ပုံကို လျှို့ဝှက်ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။


လူအချို့က မမျှော်လင့်ပဲ နယူးယောက် လမ်းမပေါ်မှာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သူရဲ့တစ်ပည့်တစ်ဦး ဟန်ပါပါနဲ့ လျှောက်သွားတာကို တွေ့လိုက်ရတဲအခါ အံ့သြတဲ့သူရှိသလို၊ ကိုယ်တိုင်စကားပြော နှုတ်ဆက်တဲ့သူတွေ ရှိတာကိုလည်းတွေ့ခဲ့ရပါတယ်။


အဲဒီနောက်မှာ မြောက်ကိုရီးယားခေါင်းဆောင် အယောင်ဆောင် ငပြောင်နှစ်ဦးက ဒေါ်နယ်ထရန့်ရဲ့  ထရန့်တာဝါထဲဝင်ပြီး အမေရိကန်သမ္မတနဲ့ တွေ့ချင်တယ် ဘယ်မှာလဲလို့ လျှောက်မေးခဲ့တာကို တွေ့ရပါတယ်။

အဆိုပါဗီဒီယိုကို ယူကျူ့ဟာသဗီဒီယိုတွေတင်တတ်သူ QPark က ယူကျူ့မှာတင်ခဲ့ပြီး ကြည့်ရှုသူများပြားတဲ့ ဗီဒီယိုတစ်ခုအဖြစ် ကျော်ကြားနေပါတယ်။
 



Follow us on