1. Home
  2. Football

နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ (၇) ပွဲမှာ အနီကဒ် (၃) ကြိမ်ပြသခံခဲ့ရသည့် နာဘီကီတာ

Football ต.ค. 30, 2560 view 1,562
လိုက်ဇစ်အသင်းရဲ့ကွင်းလယ်ကစားသမား နာဘီကီတာဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ (၇) ပွဲမှာ အနီ ကဒ် (၃) ကြိမ်ထိပြသခံခဲ့ရတာဖြစ်ပါတယ်။လိုက်ဇစ်အသင်းရဲ့ကွင်းလယ်ကစားသမား နာဘီကီတာဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ (၇) ပွဲမှာ အနီ ကဒ် (၃) ကြိမ်ထိပြသခံခဲ့ရပြီး၊ အဆိုပါ (၃) ကြိမ်မှာ (၂) ကြိမ်ကတိုက်ရိုက်အနီကဒ်ပြသခံခဲ့ရပါတယ်။
ဂျာမန်ပိုကယ်ဖလားရှုံးထွက်ဒုတိယအဆင့်ရှုံးထွက်ပွဲစဉ်မှာ လိုက်ဇစ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့တွေ့ ဆုံခဲ့ပြီး၊ ဘိုင်ယန်မြူးနစ်အသင်းက ပင်နယ်တီအဆုံးအဖြတ်မှာ (၅) ဂိုး (၄) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ လိုက်ဇစ်အ သင်းရဲ့ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ နာဘီကီတာဟာ အဆိုပါပွဲစဉ်မှာအနီကဒ်ပြသထုတ်ပယ်ခံခဲ့ရပြီး၊ သူ့ရဲ့နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၇) ပွဲအတွင်း (၃) ကြိမ်မြောက်ပြသခံခဲ့ရတဲ့အနီကဒ်ဖြစ်ပါတယ်။
ယခုနှစ်ရာသီနာဘီကီတာရဲ့ ပထမဆုံးအနီကဒ်ပြစ်ဒဏ်က မိုချိန်ဂလာဘတ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် (၄)ကဖြစ်ပြီး၊ ပွဲကစားချိန် (၈၃) မိနစ်မှာ တစ်ဖက်အသင်းကစားသမားကိုဝင်ရောက်ပုံ ကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကဒ်ပြသခံခဲ့ရပါတယ်။ ဒုတိယအနီကဒ်ပြစ်ဒဏ်က အောက်တိုဘာလအတွင်းက တူနီးရှားလက်ရွေးစင်အသင်းနဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ဖြစ်ပြီး၊ အချိန်ပို (၄) မိနစ်အရောက်မှာ တိုက်ရိုက်အနီကဒ်ပြသခံခဲ့ရပါတယ်။ ယခုယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိုင်ယန် မြူးနစ်အသင်းနဲ့ ပိုကယ်ဖလားရှုံးထွက်ပွဲစဉ်မှာလည်း ပွဲချိန် (၄၅) မိနစ်မှာအ၀ါကဒ်ပြားပြသခံခဲ့ရသလို၊ ပွဲချိန် (၅၃) မိနစ်မှာလည်းနောက်ထပ်အ၀ါကဒ်ပြားတစ်ပြားပြသခံခဲ့ရပြီး၊ ပြိုင်ပွဲမထုတ်ပယ်ခံခဲ့ရပါတယ်။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2115752121784240/


Follow us on