နောဝှစ်စီးတီးအသင်းနဲ့ Carabao Cup စတုထ္ထအဆင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင် နယ်အသင်းအတွက် အရေးပါတဲ့သွင်းဂိုး (၂) ဂိုးသွင်းယူနိုင်ခဲ့တဲ့ N ကီတီယက်ဟာ နည်းပြအာစင်ဝင်းဂါး လက်ထက်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ (၁၁၅) ယောက်မြောက်ကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ပြည်ပမီဒီယာတွေရဲ့ဖော်ပြမှုအရ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ အဓိကကစားသမားအရေအ တွက် (၈.၂) ရာခိုင်နှုန်းလောက်အထိအနားပေးထားခဲ့တဲ့ Carabao Cup ပြိုင်ပွဲရဲ့စတုထ္ထအဆင့်ပွဲစဉ်တွေကို အောက်တိုဘာလ (၂၅) ရက်နေ့နဲ့ (၂၆) ရက်နေ့တို့မှာယှဉ်ပြိုင်ကစားခဲ့ပါတယ်။
.JPG)
အဆိုပါပွဲစဉ်တွေထဲ ကမှ နောဝှစ်စီးတီးအသင်းကို (၂) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အ သင်းအတွက် သွင်းဂိုး (၂) ဂိုးသွင်းယူပေးခဲ့တဲ့ အသက် (၁၈) နှစ်အရွယ် လူငယ်တိုက်စစ်မှူး N ကီတီယက်အ နေနဲ့ စံချိန်မှတ်တမ်းတွေဝင်သွားခဲ့ပါတယ်။ ပထမစံချိန်ကတော့ အာဆင်နယ်အသင်းနည်းပြ အာစင် ၀င်းဂါးလက်ထက်မှာ N ကီတီယက်မတိုင်မီ ကစားသမား (၁၁၄) ဦးအထိဂိုးသွင်းယူထားနိုင်ခဲ့ပြီး၊ လက်ရှိမှာ N ကီတီယက်အနေနဲ့ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် (၁၁၅) ဦးမြောက်ဂိုးသွင်းယူနိုင်သူအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
.JPG)
ဒုတိယစံချိန်အနေနဲ့ကတော့ N ကီတီယက်ဟာ အသက် (၁၉၉၉) ခုနှစ်မှာမွေးဖွားသူတစ်ဦးဖြစ်တာကြောင့် အာဆင်နယ်အသင်းကို အာစင်ဝင်းဂါးစတင်ကိုင်တွယ်ခဲ့တဲ့ (၁၉၉၆) ခုနှစ်နောက်ပိုင်းမှာမွေးဖွားတဲ့ သူတစ်ဦးအနေနဲ့ ပထမဦးဆုံးဂိုးသွင်းယူနိုင်သူအဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။ အာစင်ဝင်းဂါး လက်ထက်မှာ ယခင်က N ကီတီယက်မတိုင်မီသွင်းဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမား (၁၁၄) ဦးစာရင်းမှာ အသင်းရဲ့ဂန္ထ၀င်တိုက်စစ်မှူးအွန်နရီက သွင်းဂိုးပေါင်း (၂၂၈) ဂိုးနဲ့ သွင်းဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ် တည်ခဲ့ပြီး၊ အွန်နရီရဲ့နောက်မှာ မန်ယူအသင်းကိုပြောင်းရွှေ့သွားခဲ့တဲ့ ဗန်ပါစီကသွင်းဂိုး (၁၃၂) ဂိုးနဲ့ရပ် တည်နေတာဖြစ်ပါတယ်။
.JPG)
ဒါ့အပြင်လက်ရှိအသင်းရဲ့စီနီယာအကျဆုံးကစားသမားအဖြစ်ရပ်တည်နေတဲ့ ၀ဲလ် ကော့ကလည်း သွင်းဂိုး (၁၀၇) ဂိုး၊ တိုက်စစ်မှူးဂီရော့ဒ်က သွင်းဂိုး (၁၀၁) ဂိုး၊ ဆန်းချက်စ်က သွင်းဂိုး (၇၄) ဂိုး၊ ရမ်ဆေးက သွင်းဂိုး (၄၉) ဂိုး၊ အိုဇေးလ်က သွင်းဂိုး (၃၃) ဂိုးနဲ့အစဉ်လိုက်ရပ်တည်နေကြပါတယ်။ လက် ရှိအသက် (၁၈) နှစ်အရွယ်သာရှိသေးပြီး၊ စံချိန်ကောင်း (၂) ခုအထိတင်နိုင်ခဲ့တဲ့ N ကီတီယက်ကတော့ (၂၀၁၅) ခုနှစ်ကမှ ချယ်လ်ဆီးအသင်းကနေပြောင်းရွှေ့ခဲ့တာဖြစ်ပြီး၊ အာစင်ဝင်းဂါးအနေနဲ့ လူငယ်ကစားသမား လေးတွေကိုအများစုပွဲထွက်ခွင့်ပေးနေတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲနဲ့ Carabao Cup ပြိုင်ပွဲတို့မှာ အဆိုပါကစားသမား လေးရဲ့ခြေစွမ်းပိုင်းကိုစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။