1. Home
  2. Special or Others

ဒေးဗစ်ဘက်ခမ်းရဲ့ တစ်ရက်ဝင်ငွေ သိန်းနှစ်ထောင့်လေးရာကျော်ရှိ

Special or Others ต.ค. 30, 2560 view 1,954

ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေဗစ်ဘက်ခမ်းရဲ့ တစ်ရက်ပျှမ်းမျှဝင်ငွေဟာ စတာလင်ပေါင် ၁၃၅,၆၁၆ ရှိတာမို့ မြန်မာကျပ်ငွေ သိန်းနှစ်ထောင့်လေးရာကျော်ရှိပါတယ်။


ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးဆက်မကစားတော့တဲအတွက် ဘောလုံးသမားလစာဝင်ငွေ မရှိတော့ပေမယ့် သူ့ရဲ့ ပုံရိပ်တွေကို အသုံးပြုခွင့် လိုင်စင်အတွက် ကုမ္ပဏီတွေဆီကနေ လစာရနေပါတယ်။ ဖိုဘီမီဒီယာရဲ့ အဆိုအရ ၂၀၁၆ ခုနှစ် တစ်နှစ်ထဲမှာ ဘက်ခမ်းရဲ့ ဝင်ငွေဟာ စတာလင်ပေါင် ၄၉.၅ သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။


နာရီကြော်ငြာ၊ အသားအရည်လိမ်းကရင်၊ အရက်နဲ့ လောင်းကစားဝိုင်းကာစီနို စတဲ့ ကြောငြာတွေကို ဒေးဗစ်ဘက်ခမ်း က ရိုက်ကူးပေးခဲ့ပြီး ရခဲ့တဲ့ ဝင်ငွေတွေဖြစ်ပါတယ်။


လက်ရှိမှာတော့ Cotswolds မှာရှိတဲ့ တင်းကုတ်အကြီးစားတွေလို အိမ်တွေကိုပုံစံပြောင်းကာ ပေါင် ၆ သန်းတန် အိမ်ကြီးတစ်လုံးအသွင် ဖန်တီးပြီး လက်ရှိဆောက်နေဆဲဖြစ်ပါတယ်။ သမီးဖြစ်သူ Harper အတွက် ဘဲလေးအက သင်နိုင်အောင်လည်း ထည့်သွင်း တည်ဆောက်နေပါတယ်။


 



Follow us on