စားသောက်ဆိုင်၊ ရှော့ပင်းမောလ် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သန့်စင်ခန်းတွေမှာဆို လူတွေတန်းစီးနေကြတာက အမျိုးသမီးသန့်စင်ခန်းတွေရှေ့မှာဖြစ်တတ်ပါတယ်။ အမျိုးသားတွေက ကရိကထနည်းတာကြောင့် သန့်စင်ခန်းသုံးဖို့ အချိန်အကြာကြီး ယူဖို့မလိုပေမယ့် အမျိုးသမီးတွေအတွက်တော့ သန့်စင်ခန်းတစ်ခါသွားဖို့ အကြာကြီးတန်းစီရတတ်ပါတယ်။
အနည်းငယ်လည်း မူးနေပြီး အောင်ထားနိုင်ဟန်မတူတဲ့ အမျိုးသမီးတစ်ဦးဟာ အမျိုးသားသန့်စင်ခန်းထဲဝင်ပြီး မတ်တပ်ကြီး ကိစ္စရှင်းခဲ့တဲ့ ဗီဒီယိုဟာ အဆန်းကြီး ဖြစ်လို့နေပါတယ်။ သူမရဲ့ လက်တစ်ဖက်မှာလည်း ဘီယာခွက်ကို ကိုင်ထားပါသေးတယ်။
ဘာပဲဖြစ်ဖြစ် အမျိုးသမီးတစ်ဦး ဆီးကို မတ်တပ်သွားနိုင်တာကတော့ စကေးကြမ်းတယ်လို့ပဲ ဆိုချင်ပါတယ်။ ၁၈ နှစ်အောက်တွေ မကြည့်သင့်တဲ့ ဗီဒီယိုလည်း ဖြစ်ပါတယ်။