1. Home
  2. Myanmar News

တောင်ကြီးမီးပုံးပျံပျက်ကျမှုတွင် ထိခိုက်ဒဏ်ရာရသူများရှိ (ရုပ်သံ)

Myanmar News ต.ค. 31, 2560 view 1,667

ရိုးရာအစဉ်လာမပြတ် နှစ်စဉ်ပြုလုပ်နေကျ တောင်ကြီးမီးပုံပျံလွှတ်ပွဲတွင် အောက်တိုဘာ ၃၀ ရက် ညက လွှတ်တင်ခဲ့သော တွံတီးမီး မီးပုံးပျံ လွှတ်တင်ရာတွင် မီးလောင်ပျက်ကျခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ခုနှစ်ဦးရှိပြီး ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသော အခြေနေရှိကြောင်း သိရှီရသည်။


တွံတီးမီး (ယမ်းချိန် ၃၇ ပိဿာ / တန်ဘိုး သိန်း ၄၀ )ကို အဖွဲ့ခေါင်းဆောင်သော်ဇင်ညီညီ နှင့် ပြည့်ဖြိုးအောင် တို့က ယနေ့ည၈နာရီ၄၅တွင် လွှတ်တင်ရာ ကွင်းအတွင်းVIP စင်အနီး မီးလောင်ပျက်ကျခဲ့သည်။
ဝက်သားတုတ်ထိုးဆိုင်ပေါ်သို့ပြုတ်ကျမီးလောင်မှုကြောင့် မအေးအေးသိန်း( အသက် ၄၃) စိန်ပန်းရပ်ကွက် နယ်မြေ၅ နေသူနှင့် အိစန္ဒာမင်း(၁၂နှစ်) စိန်ပန်းရပ်ကွက်နယ်မြေ၅ နေသူ၂ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိသည်ဟု သိရသည်။

 


အခြားဒဏ်ရာသူ ၅ဦးရှိပြီး မစိုးရိမ်ရကြောင်းနှင့် စဝ်စံထွန်းဆေးရုံသို့ လူနာများအား ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။ ဒဏ်ရာရသူများမှာ မသီတာဦး(နယ်မြေ၅)/မောင်ကုလား(၇နှစ်)နယ် မြေ၅/ မဇင်မာဝင်း(၂၅နှစ်) ကျောင်းဆရာမအေးသာယာ/ ခိုင်သဇင်ကျော် (၂၁နှစ်) GTU ကျောင်းသူ အေးသာယာ/နှင့်ဇာခြည်ထွန်း (၂၁နှစ်) မြန်မာစာအဝေးသင်၊ ရေဦးရွာ ရွာငံနေသူတို့ ဖြစ်သည်။


ကနဦးသတင်းအရကလေးတစ်ဦးသေဆုံးသည်ဟုသတင်းထွက်ပေါ်နေပြီး မနေ့ည ၁၀နာရီခွဲ ရရှိသောသတင်းအရ ထိုကလေးနှင့် အမျိုးသမီးတစ်ဦးတို့ စိုးရိမ်ရသည့် ဒဏ်ရာရရှိထားခြင်းဖြစ်သည်ဟု သက်ဆိုင်ရာမှသိရှိရသည်။

သတင်းရင်းမြစ် -  သံလွင်သွေးချင်း

 



Follow us on