1. Home
  2. Good Morning Myanmar

လာမည့် ဒီဇင်ဘာလမှာ တိုက်ခန်းပေါင်းတစ်သိန်းတည်ဆောက်သွားမည်

Good Morning Myanmar ต.ค. 31, 2560 view 1,423
ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်များမှလာရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်သူများအတွက် တိုက်ခန်းပေါင်းတစ်သိန်းလောက်ကို လာမယ့် ဒီဇင်ဘာလမှာ စတင်တည်ဆောက်ဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောပါတယ်။
အောက်တိုဘာ(၂၇)ရက်က ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှာကျင်းပတဲ့ ဒုတိယသမ်္မတဦးမြင့်ဆွေနှင့်မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ (၁၁)ကြိမ်မြောက်တွေ့ဆုံတဲ့အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အလုပ်သမားတွေနေထိုင်ရေးကိစ္စအတွက်ထည့်သွင်း ပြောကြားလိုက်တာဖြစ်ပါတယ်။တိုက်ခန်း တစ်သိန်းလောက်ကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့်ရွှေပြည်သာမြို့နယ်တွေမှာ တည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ပြောပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက်လည်း တိုက်ခန်းများ တည်ဆောက်ရေးလုပ်ငန်းများ မြန်ဆန်စွာအကောင်အထည်ဖော်နိုင်ဖို့ စည်ပင်သာယာရေးဥပဒေကို ဒီဇင်ဘာလလောက်မှာ အပြီးရေးဆွဲသွားမှာဖြစ်ပြီး စည်ပင်သာယာရေးဥပဒေအသစ်နဲ့၂၀၁၈ မတ်လမှာ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကျင်းပသွားမယ်လို့သိရပါတယ်။
အခုရေးဆွဲနေတဲ့ စည်ပင်သာယာရေးဥပဒေဟာ ဂျပန်နိုင်ငံနှင့်စင်ကာပူနိုင်ငံက ဥပဒေတွေကိုလေ့လာပြီး ရေးဆွဲနေတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့ ပါတယ်။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2120228748003244/


Follow us on