မန္တလေးမြို့မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မော်တော်ဆိုင်ကယ်စီးကလပ်များတွေ့ဆုံပွဲကို ပြုလုပ်သွားမယ်လို့ အောက်တိုဘာ(၂၇)ရက်ကပြုလုပ်တဲ့ Mandalay Knight မော်တော်ဆိုင် ကယ်ကလပ် စာနယ်ဇင်းရှင်းလင်းပွဲမှသိရပါတယ်။မော်တော်ဆိုင်ကယ် ၀ါသနာရှင်ကလပ်များ တွေ့ဆုံပွဲကို Mandalay Knight မော်တော်ဆိုင်ကယ်ကလပ်ကဦးစီးပြီး ဒီဇင်ဘာလ(၂)ရက်နဲ့ (၃)ရက်နေ့တွေမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
တွေ့ဆုံပွဲကိုတော့ မော်တော်ဆိုင်ကယ်စီး ကလပ်တွေက၀ါသနာရှင်တွေအချင်းချင်း ရင်းနှီးဖို့၊စည်းကမ်းတကျဆိုင်ကယ်စီးတာတွေ ပြုလုပ်သွားကြဖို့နဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း တစ်ဖက်တစ်လမ်းက လုပ်ဆောင်သွားနိုင်ကြဖို့ ရည်ရွယ်တယ်လို့သိရပါတယ်။
အခုလို မော်တော်ဆိုင်ကယ်ဆိုင်ကယ်စီးကလပ်တွေ့ဆုံပွဲတွေကို တာချီလိတ်မြို့မှာ ၂ ကြိမ်ပြုလုပ်ခဲ့ပြီး မန္တလေးမြို့မှာတော့ ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းကဆိုင်ကယ်ဝါသနာရှင်များသာမက ပြည်ပက၀ါသနာရှင်တွေပါ အခုလိုတွေ့ဆုံပွဲကို စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့လည်းသိရပါတယ်။ မော်တော်ဆိုင်ကယ်ကလပ်ပေါင်း ၁၀၀ကျော်နဲ့ ဆိုင်ကယ်ပေါင်း ၁၀၀၀ကျော်ပါဝင်မယ်လို့ ခန့်မှန်းထားတယ်လို့သိရပါတယ်။ပါဝင်ချင်တဲ့ ကလပ်တွေ အနေနဲ့ Mandalay Knight မော်တော်ဆိုင်ကယ်ကလပ်ကို ဆက်သွယ်စာရင်းပေးထားရမှာလည်း ဖြစ်ပါတယ်။
တွေ့ဆုံပွဲကိုတော့ မန္တလာသီရိအားကစားကွင်းမှာပြုလုပ်သွားမှာဖြစ်ပြီး မန်္တလေးမြို့ ယာဉ်ထိန်းရဲရုံးမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးဟောပြောမှုအစီအစဉ်၊ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ စည်းကမ်းတကျမန္တလေးကျုံးတစ်ပတ်ဆိုင်ကယ်စီးနင်းခြင်း၊မန္တလေးတိုင်း ဒေသကြီးမှာရှိတဲ့ မိဘမဲ့ကျောင်းတစ်ကျောင်းကို ပရဟိတအလှူငွေပေးအပ်ခြင်းနဲ့အခြားအစီအစဉ် တွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။