1. Home
  2. Special or Others

၂၀၂၂ ခုနှစ်တွင် အာရှ၏ပထမဆုံး Gay Game ကို ဟောင်ကောင်တွင် လက်ခံကျင်းပမည်

Special or Others ต.ค. 31, 2560 view 1,518

၂၀၂၂ ခုနှစ် Gay Game ကျင်းပရန် နိုင်ငံရွေးချယ်ရာတွင် ဟောင်ကောင်ကို အကောင်းဆုံးအဖြစ် တရားဝင်ရွေးချယ်လိုက်သည့်အတွက် အာရှတိုက်တွင် Gay Game ပထမဦးဆုံး လက်ခံကျင်းပသည့် နိုင်ငံတစ်ခု ဖြစ်လာသည်။


ကမ္ဘာပထမဦးဆုံး “Gay Olympics” ကို ၁၉၈၂ ခုနှစ် ဆန်ဖရန်ဆစ်စကိုတွင် စတင်ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် အိုလံပစ်ပြိုင်ပွဲများကဲ့သို့ အားကစားနည်းပေါင်းစုံပါဝင်ပြီး မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်သည်။ Gay Game ကို ပါဝင်ယှဉ်ပြိုင်ရန်အတွက် လိင်တူခြင်းနှစ်သက်သူ ဖြစ်စရာမလိုပေ။
ယခုကဲ့သို့ကျင်းပရသည့်ရည်ရွယ်ချက်မှာ လိင်တူနှစ်ခြိုက်သူများအပေါ် ခွဲခြားဆက်ဆံမှုမရှိရန်၊ ကမ္ဘာ့တစ်လွှား အားကစားနဲ့ ယဉ်ကျေးမှုပွဲများကို လိင်တူနှစ်ခြိုက်သူ အားကစားသမားများ၊ အနုပညာရှင်များ ပါဝင်လာနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။


အာရှတိုက်မှာတော့ ဟောင်ကောင်ဟာ ပထမဆုံးနိုင်ငံဖြစ်လာပြီး ၂၀၁၈ ခုနှစ် Gay Game X ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပမည်ဖြစ်သည်။ ယခင်က ဗန်ကူးဗား၊ နယူးယောက်ခ့်၊ အမ်စတာဒန်၊ စစ်ဒနေ၊ ချီကာဂို၊ ကိုလုန်း နဲ့ ကလက်ဖ်လန်း တို့မှာ လက်ခံကျင်းပခဲ့ပြီးဖြစ်သည်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က လိင်တူနှစ်ခြိုက်သူ LGBT (Lesbian, Gay, Bisexual, Transgender) အဖွဲ့စည်းများအပေါ် ဆက်ဆံရေးနဲ့ ပက်သက်ပြီး လေ့လာဆန်းစစ်ခဲ့ပြီးနောက် ဟောင်ကောင်က အရည်အသွေး အဆင့်သတ်မှတ်ချက် ၈၃ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ယခုလို Gay Game ကို ဟောင်ကောင်မှာ လက်ခံကျင်းပနိုင်ပြီဖြစ်လို့ ရိုးရာယဉ်ကျေးမှုအယူအဆဟောင်းတွေ၊ လိင်တူနှစ်ခြိုက်သူများအပေါ် ခွဲခြားမြင်နေမှုများ အမြင်ပြောင်းလဲဖို့အတွက် အထောက်အကူ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

ယခုကဲသို့ ၂၀၂၂ ခုနှစ်အတွက် Gay Game လက်ခံကျင်းပရန် ရွေးချယ်ခံရမှုအပေါ်  အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်ဝန် Muriel Bowser က ဂုဏ်ယူကြောင်း တွစ်တာမှာ ရေးသားဂုဏ်ပြုခဲ့ပါတယ်။


လက်ရှိအချိန်မှာတော့ လိင်တူခြင်းလက်ထပ်မှုကို ဟောင်ကောင်မှာ တရားဝင်ခွင့်ပြုထားခြင်းမရှိပါဘူး။ မည်သို့ပင်ဆိုစေကာမူ လိင်တူနှစ်ခြိုက်သူများအတွက် လှုပ်ရှားသူများကတော့ အပြောင်းအလဲတစ်ခုကို မျှော်လင့်ချက်ထားနေကြပါတယ်။

သင်ကိုယ်တိုင်ရော လိင်တူချစ်သူများအပေါ် ဘယ်လိုထင်မြင်မိပါသလဲ..?




 



Follow us on