1. Home
  2. Myanmar News

မန္တလေးတွင် ဆရာဝန်တစ်ဦး ဦးခေါင်းကို အုတ်ခဲနဲ့ထု၊ ဓါးနဲ့ခုတ်ကာ လုယက်ခံရ

Myanmar News พ.ย. 01, 2560 view 1,575

အောက်တိုဘာလ ၃၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ဆိုင်ကယ်စီးကာ ပြန်လာသော ဆရာဝန်တစ်ဦးကို အုတ်နီခဲနဲ့ လှမ်းထုထာ လဲကျသွားသည့်အချိန်တွင် ဦးခေါင်းကို ဓါးဖြင့် ထပ်မံခုတ်ကာ လုယက်သွားကြောင်း သတင်းရရှိသည်။


ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်နေသော ဆရာဝန်တစ်ဦး အလုပ်မှ ဆိုင်ကယ်စီးပြီးပြန်လာစဉ် ၂၇ လမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြား ဆီဒိုးနားဟိုတယ် နောက်ဘက်နေရာတွင် အုတ်ခဲနှင့် လုမ်းပစ်ခံရမှဒကြောင့် သတိမေ့မြောပြီး လဲကျသွားစဉ် ဓါးနဲ့ထပ်ခုတ်ကာ ဆိုင်ကယ်နှင့်အတူ ပါလာသမျှအားလုံး လုယက်ခံခဲ့ရသည်။


ဓါးခုတ်ဒဏ်ရာကြောင့် ဦးခေါင်းတွင် အချက် ၂၀ ကျော်ချုပ်ခဲ့ရပြီး၊ အုတ်ခဲထိမှန်ဒဏ်ရာကြောင့် ညာမျက်ခွံရိုးအက်ကာ ဦးခေါင်းခွံ အက်ကြောင်းပေါ်ခဲ့ကြောင်း သိရှိရပြီး မန္တလေးတွေင် နေထိုင်သူများအနေနဲ့ ညဘက်အပြင်ထွက်သည့်အခါ အထူးသတိရှိစေရန် Zaw Min Chit ဖေ့စ်ဘွခ်အကောင့် ပိုင်ရှင်မှ ဓါတ်ပုံများနှင့်တစ်ကွ ရေးသားဖော်ပြခဲ့သည်။
 



Follow us on