1. Home
  2. Special or Others

iPhone X ရဲ့ လုပ်ဆောင်ချက်သစ် Face ID က ဆွေမျိုးတွေကြားမှာ လုံခြုံမှုအားနည်း

Special or Others พ.ย. 05, 2560 view 1,554

Apple က iPhone X မှာထည့်ပေးထားတဲ့ လုံခြုံရေးစနစ်အသစ်တစ်ခုဖြစ်တဲ့ မျက်နှာသွင်ပြင်နဲ့ ဖုန်းကိုဖွင့်နိုင်တဲ့ Face ID ဟာ လက်ဗွေစနစ် Touch ID ထက် အများကြီးပိုလုံခြုံပါတယ်လို့ ကြေညာထားခဲ့ပါတယ်။

Face ID နဲ့ Lock လုပ်ထားတဲ့ iPhone ကို တစ်ယောက်ယောက်က ဖွင့်နိုင်ဖို့ဆိုတာ အကြိမ်ပေါင်း ၁၀ သိန်းလောက်မှာ ၁ ကြိမ်လောက်ပဲ ဖြစ်နိုင်ချေရှိပါတယ်လို့ ဆိုထားခဲ့ပါတယ်။
ဒါပေမယ့် iPhone X ထွက်လာတဲ့အခါမှာတော့ Face ID ဟာ ဆွေမျိုးသားချင်တွေကြားမှာတော့ လုံခြုံမှုမရှိကြောင်း သက်သေအဖြစ် ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။


ဗီဒီယိုထဲမှာ iPhone X တစ်လုံးထဲကို ညီအစ်ကိုနှစ်ဦးရဲ့ မျက်နှာနဲ့ ဖွင့်နိုင်ခဲ့တာတွေ့ရပါတယ်။ အစ်ကိုဖြစ်သူက သူ့မျက်နှာနဲ့ Face ID သွင်းထားတဲ့ iPhone X ကို ညီဖြစ်သူက သူ့မျက်နှာနဲ့ ဖွင့်ကြည့်ခဲ့ရာ မျှော်လင့်ထားတဲ့အတိုင်း မပွင့်ပါဘူး။

ဒါပေမယ့် ညီဖြစ်သူက မျက်နှာအနေအထား နဲနဲလှုပ်ရှားပြီး ထပ်မံဖွင့်ကြည့်ရာ iPhone X မှာ ပွင့်လာကြောင်း တွေ့ရှိရသည်။ Face ID ဟာ အမွှာတွေကြားမှာ ပြဿနာရှိနိုင်ကြောင်း သိထားပေမယ့် ယခုဗီဒီယိုအရ အမွှာမဟုတ်ပဲ မျက်နှာသွင်ပြင်ခြင်းဆင်တူတဲ့ ဆွေမျိုးရင်းချာတွေကြားမှာလည်း လုံခြုံမှုအားနည်းနေကြောင်း တွေ့ရှိရခြင်းဖြစ်သည်။  

ဒီအချက်ဟာ လုံခြုံရေးကို နံပါတ်တစ်နေရာမှာ ဦးစားပေးတတ်တဲ့ Apple အတွက် အမြန်ဆုံးပြုပြင်ရမယ့် အရေးကြီးအချက်ဖြစ်ပြီး နောက်ထပ်ပေးလာမယ့် iOS အသစ်မှာ ပြုပြင်ပြီးသားဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
 



Follow us on