ဒီဇာတ်လမ်းလေးက တစ်ကယ်ကို စိတ်ကူးယဉ်စရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လို
အပြင်လက်တွေ့ဘဝမှာ အမှတ်မထင် တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။
တော်ဝင်အိမ်ရှေ့မင်းသားတစ်ပါးက အရပ်သူလေးတစ်ဦးကို မြင်မြင်ချင်း အမှတ်မထင် ချစ်သွားခဲ့မိပါတယ်။ အမျိုးသမီးကလည်း တော်ဝင်မင်းသားမှန်း မသိပဲ အပြန်လှန် မေတ္တာမျှခဲ့ရာမှ မထင်မှတ်ပဲ အိမ်ရှေ့မင်းသားတစ်ပါးရဲ့ ကြင်ယာတော်အဖြစ်ကို ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။
ကံထူးတယ်လို့ ဆိုရမယ့် အမေရိကန် အမျိုးသမီး Ariana ဟာ အမှတ်မထင်ပဲ အီသီယိုးပီးယား အိမ်ရှေ့မင်းသား Jole Makonnen နဲ့ ဝါရှင်တန်ဒီစီက နိုက်ကလပ်တစ်ခုမှာ ၂၀၀၅ ခုနှစ်က စတင် ဆုံဆည်းခဲ့ခြင်းဖြစ်ပါတယ်။
Jole က Ariana ကို မြင်မြင်ခြင်းပဲ သူနဲ့တွဲကဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦး ရင်းနှီးတဲ့အဆင့်ကို ရောက်သွားပါတယ်။ ဒါပေမယ့် ဒီအဖြစ်ပျက်ဟာ အဲဒီတစ်ညတာ အတွက် မဟုတ်ပဲ Jole က Ariana ကို မြတ်မြတ်နိုးနိုးချစ်မိသွားခဲ့ပါတယ်။ Jole ဟာ အီသီယိုးပီးယား အင်ပါယာ နောက်ဆုံးမင်းဆက် Haile Selassie ရဲ့ မြေးတော်စပ်တဲ့အတွက် သူဟာ အီသီယိုးပီးယားရဲ့ အိမ်ရှေ့မင်းသားတစ်ပါး ဖြစ်ပါတယ်။ သူတို့နှစ်ဦး ဆုံတွေ့စဉ်က Jole ဟာ အိမ်ရှေ့မင်းသားမှန်း မသိပဲ Ariana က ချစ်သူအဖြစ် လက်ခံခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ဦး ၁၂ နှစ်တာ ချစ်သူဖြစ်ခဲ့ကြပြီး နောက်ဆုံး ၂၀၁၇ ခုနှစ်မှာတော့ Maryland မှာ လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ ဖူးစာနဲ့ ဘုန်းကံက ဘယ်လောက်တောင် ထူးခြားလည်းဆိုရင် Ariana ဟာ သာမန်အရပ်သူဖြစ်ပေမယ့် ဆွေကြီးမျိုးကြီးထဲက ဆင်းသက်လာသူဖြစ်တယ်ဆိုတာကို နောက်မှ သိခဲ့ရပါတယ်။ သူမရဲ့ အဖိုးဟာ ဂိုင်ယာနာ မှာရှိတဲ့ ဂျော့ခ်ျတောင်းရဲ့ မြို့တော်ဝန်တစ်ဦး ဖြစ်ပါတယ်။
သူတို့နှစ်ဦးလုံးက အမေရိကန်မှာ အလုပ်လုပ်ကိုင်နေကြရင်း မထင်မှတ်ပဲ ဆုံတွေ့ခဲ့ပြီးနောက် တစ်ဦးနောက်ကြောင်း တစ်ဦးမသိပဲ မြင်မြင်ချင်း ချစ်သူတွေဖြစ်ခဲ့ကြပြီး နောက်ဆုံးမှာ တော်ဝင်ဇနီးမောင်နှံ အဖြစ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။