1. Home
  2. Special or Others

တိရိစ္ဆာန်ရုံတွင် အစာကျွေးဝန်ထမ်းတစ်ဦး ကျားဆွဲခံရ

Special or Others พ.ย. 06, 2560 view 1,508

ရုရှားနိုင်ငံရှိ ကလင်းဂတ်တိရိစ္ဆာန်ရုံတွင် ဝန်ထမ်းအမျိုးသမီးတစ်ဦး ကျားစာဖြစ်မည့် သေတွင်းခံတွင်းဝ သွေးအလိမ်းလိမ်း ဒဏ်ရာများနဲ့ လွတ်မြောက်ခဲ့ရသည်။


တိရိစ္ဆာန်ရုံဝန်ထမ်း အမျိုးသမီးက အစာကျွေးရန် သယ်ယူလာစဉ် လှောင်အိမ်တံခါးကို အမှတ်မထင် ဖွင့်ထားမိခဲ့ချိန်၊ တိုင်ပွန်းဟု အမည်ပေးထားသော ဆိုက်ဘေးရီးယန်း ကျားအမကြီးတစ်ကောင်က ခုန်အုပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျားကြီးကအပေါ်စီးက အုပ်မိုးလျှက် သူမအသက်ပေးရတော့မည့် အချိန်တွင် အဆိုပါအဖြစ်ပျက်ကို တိရိစ္ဆာန်ရုံလာလည်သူများ မြင်တွေ့သွားခဲ့ပြီး အသံမျိုးစုံပေး ခြောက်လှန့်ကာ ကျောက်ခဲများနဲ့ ဝိုင်းပေါက်ခဲ့သဖြင့် ကျားကြီးလှည့်ပြန်ပြေးသွားခဲ့သည်။


ကျားတိုက်ခိုက်ခံရသော ဝန်ထမ်းအမျိုးသမီးမှာ ကုတ်ဖဲ့ခံထားရသော ဒဏ်ရာများနဲ့ သွေးအလိမ်းလိမ်း ဖြစ်ခဲ့ပြီး ဆေးရုံသို့ အလျှင်မြန်တင်ပို့ခဲ့ရပါတယ်။ အသက်ရှင်လိမ့်မယ်လို့ မျှော်လင့်နေကြဆဲဖြစ်ပါတယ်။

သူမကို ကယ်ထုတ်ပြီးချိန်တွင် ၅ မိနစ်အတွင်းဆရာဝန်ရောက်ရှိလာပြီး စောင်နဲ့ထုတ်ကာ ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။
ဆိုက်ဘေးရီးယန်း အမျိုးအစားကျာဟာ ကမ္ဘာပေါ်မှာ အရွယ်အစားအကြီးဆုံး ကျားအမျိုးအစားလည်း ဖြစ်သည်။


 



Follow us on