လူမှုကွန်ယက် Facebook က ညစ်ညမ်းပုံများအား အွန်လိုင်းပေါ်တင်ပြီး အသရေဖျက်ခြင်း၊ အရှက်ခွဲခြင်း၊ လက်တုံ့ပြန်မှုများကို မပြုလုပ်နိုင်အောင် ပုံရိပ်စစ်ဆေး နည်းပညာဖြင့် ကာကွယ်နိုင်မည့် စနစ်တစ်ခုကို စတင် စမ်းသပ်နေပြီဖြစ်သည်။
ရည်းစားဟောင်း ဒါမှမဟုတ် လက်စားချေလိုသော သူတို့၏ ညစ်ညမ်းပုံ(အပြာပုံ) တို့ကို အွန်လိုင်းပေါ်တင်ကာ အရှက်ရစေလိုခြင်းများ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ ကျယ်ကျယ်ပြန့်ပြန်ဖြစ်ပေါ်လျှက်ရှိသည်။ တစ်လောကပင် နိုင်ငံကျော်မင်းသမီး၏ ဓါတ်ပုံများ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ဖူးသလို အဖြစ်မျိုးကို မဖြစ်ခင်က၊ မပျံ့နှံ့မီ အွန်လိုင်းပေါ် တင်သည်နှင့် အလိုလျှောက် ပြန်ဖျက်ချသည့် စနစ်မျိုးကို Facebook အဖွဲ့သားများက စတင် စမ်းသပ်လျှက်ရှိသည်။
သို့သော် ယင်းကဲ့သို့ ကာကွယ်နိုင်ရန်အတွက် ကာယကံရှင်က မိမိ၏ညစ်ညမ်းပုံများကို Facebook ကို အရင်ဦးဆုံး ပေးပို့နှင့်ထားရမှာဖြစ်ပါတယ်။ သို့မှသာ နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က မိမိရဲ့ ညစ်ညမ်းပုံများကို အွန်လိုင်းပေါ်သို့ တစ်နေရာရာက ပြန်တင်ခဲ့ပါက ပုံရိပ်စစ်စနစ်၊ ဒစ်ဂျစ်တယ်ထောက်လှမ်းရေးစနစ်များနဲ့ စစ်ဆေးပြီး ကိုက်ညီမှုရှိပါက အွန်လိုင်းပေါ် မရောက်မီ အလိုလျောက်ဖျက်ချပေးသွားနိုင်မည်ဖြစ်သည်။
အဆိုပါအကြံအစည်သစ်ကို အကောင်အထည်ဖော်နိုင်ရန် အဖွဲ့ကို သြစတြေးလျရှိ e-Safety Commissioner ရုံးခန်းတွင် ဖွဲ့စည်းပြီးဖြစ်သည်။ e-Safety Commissioner ဖြစ်သူJulie Inman Grant က မိမိရဲ့ ညစ်ညမ်းပုံတွေ တက်လာမှာကို စိုးရိမ်သောက ရောက်နေသူတွေအတွက် အဆိုပါပုံများကို Facebook သို့ တင်ကြိုကာ ပေးပို့ထားသင့်ကြောင်း ပြောကြားခဲ့သည်။
ပုံများကို ပေးပို့ရာတွင် မိမိကိုယ်တိုင် email အသုံးပြုကာ ပေးပို့ခြင်းက အလုံခြုံဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါပုံများကို Facebook က ထာဝရသ်မ်းထားမှာမျိုးမဟုတ်ပဲ မှတ်ဉာဏ်တု(AI) နည်းပညာနဲ့ ပုံရိပ်တိုက်စစ် နည်းပညာတို့ပေါင်းစပ်ပြီး ရလာတဲ့ ဒီဂျစ်တယ်လင့်ခ်ကိုသာ စီစဉ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Facebook ရဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ဦးဆောင်အရာရှိ Antigone Davis က လုံခြုံရေးနဲ့ သာယာချမ်းမြေ့ရေးဟာ Facebook ရဲ့ ဦးစားပေးနံပါတ်တစ် ဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
မိတ်ဆွေမှာရော ဒီလို စိတ်မချရတဲ့ ပုံမျိုးတွေရှိနေရင် Facebook ကို ပေးပို့ထားဖြစ်မှာလား.. စဉ်းတော့စဉ်းစားစရာပဲနော်။