1. Home
  2. Special or Others

ကွယ်လွန်သွားတဲ့ မောင်ဖြစ်သူ မကျွတ်လွတ်ပဲ အစ်မကို အမြဲခြောက်လှန့်နေတဲ့ဗီဒီယို

Special or Others พ.ย. 07, 2560 view 1,403

အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း Lancashire မြို့တွင် နေထိုင်သော အသက် ၃၃ နှစ်အရွယ် သားသမီးလေးဦးတို့ရဲ့ မိခင် Donna Ayres ဟာ သူမတစ်ယောက်ထဲ ခြောက်လှန့်ခံရမှုတွေကို လူတွေက သံသယရှိလာတာကြောင့် သရဲခြောက်ခံရတာတွေကို ဖုန်းကင်မရာနဲ့ ရိုက်ကူးခဲ့ပါတယ်။


ဒီလိုခြောက်လှန့်မှုဟာ သေဆုံးသွားတဲ့ သူမရဲ့ မောင်ဖြစ်သူ Paul က မကျွတ်လွတ်ပဲ လိုက်လံနှောက်ယှက်နေတယ်လို့ ယုံကြည်နေပါတယ်။ Paul ဟာ မကွယ်လွန်မိက ဆွေမျိုးအသိုင်းအဝိုင်းတွေကို အကြီးကျယ်ဒုက္ခပေးသူတစ်ယောက် ဖြစ်ကြောင်း ပြောပြပါတယ်။ Paul ကွယ်လွန်ပြီးနောက်မှာတော့ သူမရဲ့ နေအိမ်မှာ ထူးဆန်းတဲ့ အဖြစ်ပျက်တွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

ပထမဆုံး သတိထားမိတာကတော့ ညဘက်တွေမှာ ထုရိုက်သံတွေကြားရသလို နံရံတွေပေါ်မှာလဲ လက်သည်းကုတ်ခြစ်ရာလိုမျိုးတွေ တွေ့ခဲ့ရတာပါ။ ညတွေမှာ အိပ်နေရင်းကုတင်ပေါ်ကနေ သရဲဆွဲချတာ ကြုံခဲ့ရပါတယ်။ တစ်ခါတစ်ရံ မနက်အိပ်ရာနိုးလာတဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဘာကြောင့်မှန်းမသိတဲ့ အညိုအမည်းဒဏ်ရာတွေကို တွေ့ရတတ်ပါတယ်။ သဘာဝလွန်ဖြစ်ရပ်တွေကို စုံစမ်းတဲ့ သရဲဖမ်းသူတွေက သူမဟာ ပုဏ္ဍကတိုက်ခံနေရပြီလို့ သတိပေးခဲ့ပါတယ်။

Donna ဟာ ကြောက်လွန်းမက ကြောက်တာကြောင့် အခြားနေရာကို အိမ်ပြောင်းနေပေမယ့် သူရဲက သူမဘယ်ကိုပြောင်းပြောင်း ထပ်ကြပ်မကွာလိုက်ပါလာပြီး နှောက်ယှက်နေခဲ့ပါတယ်။ သူမရဲ့မိသားစုဟာ အခုဆိုရင် အိမ်ပြောင်းတာ ငါးကြိမ်ရှိသွားပြီး ယခုထက်ထိတိုင် နှောက်ယှက်ခံနေရဆဲဖြစ်ပါတယ်။

ကံကောင်းတာက သူမရဲ့ မိသားစုဝင်တွေ အခြောက်ခံရတာမျိုးမရှိပဲ သူမတစ်ဦးတည်းသာ ခြောက်ခံနေရတာဖြစ်ပါတယ်။ ဒါကြောင့် လူတွေက သူမ သူရဲခြောက်ခံနေရတယ်ဆိုတာကို ဟုတ်မှဟုတ်ရဲ့လားလို့ သံသဝင်လာကြပါတယ်။ အဲ့ဒါကြောင့်သူမက သက်သေပြနိုင်ရန် ဗီဒီယိုစောင့်ရိုက်ဖို့ အကြံရခဲ့ခြင်းဖြစ်ပါတယ်။

သူမဘယ်လို သရဲခြောက်ခံနေရလဲဆိုတာ ဗီဒီယိုမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာဖြစ်ပါတယ်။
 



Follow us on