1. Home
  2. Good Morning Myanmar

အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွင်း ဆော်ဒီမင်းသား ၁၁ ယောက် ထိန်းသိမ်း ခံရ

Good Morning Myanmar พ.ย. 07, 2560 view 1,467

ဆော်ဒီအာရေးဗျ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့သစ်ဟာ ဆော်ဒီမင်းသား ၁၁ ယောက်၊ ၀န်ကြီး ၄ ယောက်နဲ့ ၀န်ကြီးဟောင်း ဒါဇင်ချီတို့ကို ထိန်းသိမ်းလိုက်ပြီလို့ မီဒီယာတွေမှာ သတင်းဖော်ပြပါတယ်။ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ဦးဆောင်ပြီး တော်ဝင် အမိန့်နဲ့ဖွဲ့စည်းခဲ့တဲ့ ဒီကော်မတီသစ်ဟာ စတင်ဖွဲ့စည်းပြီး နာရီပိုင်းအကြာမှာပဲ ထိန်းသိမ်းတာ တွေကို ပြုလုပ်ခဲ့တာပါ။ထိန်းသိမ်းခံထားရသူတွေနာမည်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ထိန်းသိမ်းခံထားရတဲ့ မင်းသားတွေနဲ့ ၀န်ကြီးတွေ၊၀န်ကြီးဟောင်းတွေဟာ ဘာအတွက်နဲ့ မသင်္ကာခံရပြီး ထိန်းသိမ်းခံရတယ်ဆိုတာကတော့မသိရသေးပါဘူး။ဒါပေမဲ့ ဆော်ဒီရုပ်သံ အယ်လ်အာရပ်ဗီယာမှာတော့ ၂၀၀၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဂျဲဒရေကြီးမှုတွေနဲ့ ၂၀၁၂ ခုနှစ်မှာ ဆော်ဒီမှာဖြစ်ပွားနေတဲ့ မားစ်ဗိုင်းရက်စ်ဖြစ်ပွားမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းမှုအသစ်တွေပြုလုပ်ခဲ့ တယ်လို့သတင်းဖော်ပြပါတယ်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီဟာ ဖမ်းဝရမ်းထုတ်တာနဲ့ ခရီးသွားလာခွင့်ကို ပိတ်ပင်ခွင့်ရှိတယ်လို့ နိုင်ငံပိုင် ဆော်ဒီပရက်စ်အေဂျင်စီ (SPA) က သတင်း ဖော်ပြပါတယ်။

တစ်ချိန်တည်းမှာပဲ ဆော်ဒီဘုရင် ဆယ်လ်မန်ဟာ ဆော်ဒီအမျိုးသားအစောင့်တပ်ဖွဲ့ ၀န်ကြီးနဲ့ ရေတပ်ဦးစီးချုပ်တို့ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ SPA ကကြေညာပေမဲ့ ဘာ့ကြောင့်ဖယ်ရှားတယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ထားခြင်းမရှိပါဘူး။ဒါ့ကြောင့် ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အိမ်ရှေ့စံမင်းသားထံမှာ အာဏာပိုရရှိတဲ့ သဘောဆောင်နေပါတယ်။အသက် ၃၂ နှစ်အရွယ် မင်းသားဟာ ဇွန်လမှာ အိမ်ရှေ့စံအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

https://www.facebook.com/GoodMorningMyanmarLive/videos/2130229717003147/



Follow us on