Yangon Water Bus ပြေးဆွဲမှု (၁)လနီးပါးကာလအတွင်း ပိတ်ရက်တွေမှာ လိုက်ပါစီးနင်း လိုသူများလာတာကြောင့် စောင့်ဆိုင်းရမှုတွေရှိနေပြီး အစီးရေတွေအမြန်တိုးပေးနိုင်ဖို့ကို မျှော်လင့်နေ ကြတယ်လို့သိရပါတယ်။
Yangon Water Bus စတင်ပြေးဆွဲတဲ့ အောက်တိုဘာလ(၇)ရက်ကစတင်ပြီး (၁)လ နီးပါးကာလအတွင်း စီးနှင်းတဲ့ခရီးသည်တွေပိုမိုများပြားလာတယ်လို့သိရပါတယ်။ကြားရက်တွေမှာ ရုံးတက်ရုံးဆင်းချိန်တွေမှာ စီးနှင်းသူများပြားပြီး ပိတ်ရက်တွေမှာတော့ စီးနင်းသူဦးရေပိုမို များပြားတာကြောင့် ရေယာဉ်ချိန်အမှီဂိတ်ကိုရောက်ရှိပေမယ့် ခရီးသည်ဦးရေသတ်မှတ်ထား တာကြောင့် စောင့်ဆိုင်းရမှုတွေရှိနေတယ်လို့သိရပါတယ်။
Yangon Water Bus ဂိတ်စတွေဖြစ်တဲ့ အင်းစိန်နဲ့ ဗိုလ်တစ်ထောင်ဂိတ်တွေမှာ ဂိတ်တိုင်းက ခရီးသည်တွေလိုက်နိုင်အောင်ရည်ရွယ်ပြီး ခရီးသည်တွေကိုအပြည့်မတင်ဘဲ ကြားဂိတ် တွေက ခရီးသည်တွေပဲလိုက်ပါစီးနှင်းနိုင်အောင်မျှပြီးတင်ပေးနေတာဖြစ်တယ်လို့သိရပါတယ်။ဂိတ်စတွေဖြစ်တဲ့ အင်းစိန်နဲ့ဗိုလ်တစ်ထောင်ဂိတ်တွေမှာတော့ အခြားကြားဂိတ်တွေထက် စီးနင်းသူဦးရေ ပိုမိုများပြားနေတယ်လို့သိရပါတယ်။
Yangon Water Bus ကို အောက်တိုဘာလ(၇)ရက်နေ့မှာ ရေယာဉ်(၅)စီးနဲ့ စတင်ပြေးဆွဲပေးနေတာဖြစ်ပြီး လက်ရှိမှာတော့ တစ်ထပ်ရေယာဉ်(၇)စီး၊နှစ်ထပ်ရေယာဉ်(၂)စီး၊ စုစုပေါင်း(၉)စီးနဲ့ တိုးချဲ့ပြေးဆွဲပေးနေတယ်လို့သိရပါတယ်။ဒါ့အပြင်နောက်ထပ်ရေယာဉ်တွေ အစီးရေတိုးပြီး ပြေးဆွဲပေးနိုင်ဖို့အတွက်ကိုတော့ လက်ရှိမှာပြေးဆွဲခွင့်လိုင်စင်တင်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
https://www.facebook.com/GoodMorningMyanmarLive/videos/2130228287003290/