ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၄၅)မြို့နယ်မှ ပြည်သူလူထုရဲ့အသံတွေကို နားထောင်လိုတယ်လို့ နိုဝင်ဘာ(၅)ရက်က ရန်ကုန်တက်္ကသိုလ် Recreation Center မှာ လူငယ်နှင့်အလုပ်အကိုင် အခွင့်အလမ်း ပြည်သူ့စကားဝိုင်းမှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကူးပြောင်းရေးမှာ ပြည်သူလူထုပါဝင်ဖို့ လိုအပ်တာကြောင့် ပြည်သူတွေရဲ့ဆန်္ဒ၊ပြည်သူတွေရဲ့အမြင်တွေကို နားထောင်ဖို့လိုအပ်တဲ့အတွက် ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၄၅)မြို့နယ်မှ ပြည်သူလူထုရဲ့အသံတွေကို နားထောင် လိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။ဒါ့အပြင် ပြည်သူတွေရဲ့ အသံတွေ၊ ပြည်သူတွေရဲ့အမြင်တွေကိုဆွေးနွေးမှ ဘုံသဘောတူညီချက်ကိုရရှိမှာဖြစ်ပြီး ရရှိလာတဲ့ ဘုံသဘောတူညီချက်ကို လွှတ်တော်ကဆုံးဖြတ်ကာ အစိုးရက အကောင်အထည်ဖော်လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြည်သူတွေအနေနဲ့တော့ အခုလိုပြည်သူ့စကားဝိုင်းဟာအမှန်တစ်ကယ်လိုအပ်နေပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့လို အပ်တယ်လို့ပြောပါတယ်။ဒါ့အပြင် အခုလိုပြည်သူ့စကားဝိုင်း ဟာ လူငယ်တွေရဲ့အသိပညာတွေကို ပိုမိုပြန့်ပွားစေတယ်လို့ပြောပါတယ်။
ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ကတော့ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုအခန်းကဏအတွက် လူထုနဲ့တိုင်ပင်နိုင်ရန် အခုလိုဆွေးနွေးပွဲကို ပြည်သူလူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေဖို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ မြို့နယ်တွေမှာ ပြည်သူ့စကားဝိုင်းတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ပြောပါတယ်။
https://www.facebook.com/GoodMorningMyanmarLive/videos/2131644896861629/