1. Home
  2. Good Morning Myanmar

ကမ္ဘာတစ်ဝှမ်းက နိုင်ငံ့ခေါင်းဆောင်များ၏ အခွန်ရှောင်မှု ထပ်မံထွက်ပေါ်လာ

Good Morning Myanmar พ.ย. 08, 2560 view 1,517

ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း တစ်ရာ့ငါးဆယ်ကျော်က နိုင်ငံ့ခေါင်းဆောင်တွေဟာ ပြည်တွင်းမှာ အခွန်ရှောင်ဖို့ ပြည်ပမှာ လုပ်ငန်းထူထောင်တာ တွေ လုပ်ထားတယ်လို့ အသစ်ထပ်မံပေါက်ကြား ထွက်လာတဲ့ ပါရာဒိုက်ဇ် စာရွက်စာတမ်းတွေကဖော်ပြနေပါတယ်။

ကမ္ဘာမှာ ဒုတိယအချက်အလက် အများဆုံးပေါက်ကြားမှုလို့ခေါ်ဆိုတဲ့ ပါရာဒိုက်စ် စာရွက်စာတမ်းတွေအရ ကမာ်္ဘ့ခေါင်းဆောင် တွေဟာ အခွန်ရှောင်ဖို့ ကြိုးစားခဲ့ကြတယ်ဆိုတာကို ပြသနေပါတယ်။ အဲဒီစာရွက်စာတမ်းတွေကြောင့် အခွန် ရှောင်ဖို့ ပြည်ပမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ လူတွေထဲမှာ အမေရိကန် ကူးသန်းရောင်းဝန်ရေးဝန်ကြီး ၀ီလ်ဘာ ရော့စ် တစ်ယောက် လည်းပါဝင်ပြီး လူပုဂ်္ဂိုလ်နဲ့ ကုမ္ပဏီထောင်ချီဟာ အများအာရုံစိုက်စရာဖြစ်လာပါတယ်။

ပေါက်ကြား လာတဲ့ ဖိုင်ပေါင်း(၁၃.၄)သန်းအရ အခွန်ရှောင်ဖို့ ကြိုးစားသူတွေထဲမှာ ကမ္ဘာ့အကြီးဆုံး ကော်ပိုရေးရှင်းကြီးတွေဖြစ်တဲ့ ဖေ့ဘွတ်၊ အက်ပဲနဲ့ နိုက်ကီတို့ အပါအ၀င် ဗြိတိန်ဘုရင်မကြီး အယ်လိဇဘတ် နဲ့ ရော့ခ်တေးဂီတ အကျော်အမော် ဘိုနိုတို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ပေါက်ကြား ခဲ့တဲ့စာရွက်စာတမ်းတွေကို ဂျာမနီ သတင်းစာ ဇူဒါချက် ဆိုင်ဒွန် က ရရှိခဲ့တာဖြစ်ပြီး အဲဒီသတင်းစာဟာ ကမ္ဘာ့ ခေါင်းဆောင်တွေ အခွန်ရှောင်ဖို့ ပြည်ပမှာ လုပ်ငန်းထူထောင်တာနဲ့ ရင်းနှီးမြှုပ်နှံတာတွေလုပ်ခဲ့တယ်ဆိုတာကို ဖော်ပြထားတဲ့ ပနားမားစာရွက် စာတမ်းတွေကို မနှစ်တုန်းကရရှိခဲ့တဲ့သတင်းစာလည်းဖြစ်ပါတယ်။ သတင်းစာဟာ ပေါက်ကြားတဲ့စာရွက် စာတမ်းတွေကို စုံစမ်း စစ်ဆေးမှုဆိုင်ရာနိုင်ငံတကာသတင်းထောက်များအဖ GJY(ICIJ) နဲ့အတူ လေ့လာခဲ့တာပါ။

နိုင်ငံပေါင်း (၆၇)နိုင်ငံက သတင်းသမား ၄၀၀ နီးပါးဟာ ပေါက်ကြားတဲ့ စာရွက်စာတမ်းတွေကို ၇ လကြာလေ့လာခဲ့ပြီးတဲ့နောက်မှာ အခုလို သတင်းထုတ်ပြန်လိုက်တာပါ။ ရုရှားသမ်္မတပူတင်ရဲ့သားမက်က ကုမ္ပဏီတစ်ခုကို ပူးတွဲပိုင်ဆိုင်တာ၊ အမေရိကန်ကုန်သွယ်ရေး ၀န်ကြီးက သင်္ဘောနဲ့ကုန်စည် ပို့ဆောင်တဲ့လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံထားတာ အပါအ၀င် သမ္မတ ထရမ့်ရဲ့အစိုးရအဖွဲ့ဝင်တွေ၊ အကြံပေးတွေနဲ့ အလှူရှင် တွေဟာ အခွန်ရှောင်ဖို့ ပြည်ပမှာ လုပ်ငန်းလုပ်ကိုင်တာတွေကို ဒီစာရွက်စာတမ်းတွေက ပြသနေပါတယ်။

https://www.facebook.com/GoodMorningMyanmarLive/videos/2131659286860190/

 



Follow us on