1. Home
  2. Special or Others

UK မှာ နံပါတ်တစ်နေရာ ရထားတဲ့ The Script အဖွဲ့ရဲ့ သီချင်းအယ်လ်ဘမ်အသစ်

Special or Others พ.ย. 08, 2560 view 1,721

ကမ္ဘာကျော်အိုင်းရစ်ရှ် တေးဂီတအဖွဲ့ “The Script” ရဲ့ စတုတ္ထမြောက် အယ်လ်ဘမ်ဖြစ်တဲ့ “Freedom Child” ဟာ လက်ရှိ UK မှာ နံပါတ်နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် အိုင်ယာလန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၇ ခုရဲ့  iTunes အရောင်းရဆုံး စာရင်းမှာလည်း “Freedom Child” အယ်လ်ဘမ် Top 10 နေရာမှာ ရှိနေပါတယ်။


“Freedom Child” ကို စက်တင်ဘာလ (၁)ရက်နေ့မှာ ထွက်ရှိခဲ့ပြီး တစ်ရက်ထဲမှာပဲ “The Script” အဖွဲ့က သူတို့ရဲ့ ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲကို လာမယ့် ၂၀၁၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena မှာ ကျင်းပပြုလုပ်မယ်လို့ ပရိသတ်ကို အသိပေး ကြေညာခဲ့ပါတယ်။


“Freedom Child” အယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ “Rain” သီချင်းက မယုံနိုင်လောက်အောင် ဝယ်ယူအားပေးခဲ့သလို MTV ကို YouTube ပေါ်မှာ ကြည့်ရှုတဲ့အကြိမ်ရေ ၂၂ သန်းကျော်သွားပါပြီ။
အခုချိန်ထိ အလ်ဘမ်လေးခု ထွက်ရှိထားပြီး ဓါတ်ပြား ၂၉ သန်းကျော် ရောင်းချထားတဲ့ “The Script” အဖွဲ့ဟာ ကမ္ဘာထိပ်တန်းစာရင်းဝင် တေးဂီတအဖွဲ့လည်း ဖြစ်ပါတယ်။

သူတို့ရဲ့ မွေးရပ်ဇာတိမှာရှိတဲ့ Croke Park မှာ ကျင်းပခဲ့တဲ့ ဂီတဖျော်ဖြေပွဲတုန်းက လက်မှတ်စောင်ရေ ၁.၄ သန်းရောင်းချခဲ့ရပြီး ဝက်ဝက်ကွဲအားပေးခံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်က ဘန်ကောက်မှာ ပထမဦးဆုံး လာရောက်ဖျော်ဖြေစဉ် လက်မှတ်ရောင်းစရာ မရှိတော့အောင်ကို ပရိသတ်တွေက အားပေးခဲ့ကြပါတယ်။


ယခုလာမယ့် ၂၀၁၈ ခုနှစ်အတွက် ပွဲလက်မှတ်များကို ဇန်နဝါရီလ (၂၇) ရက်နေ့က စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းက ထိုင်းဘတ် ၂,၀၀၀ ကနေ စတင်မှာဖြစ်ပါတယ်။
ThaiTicketMajor ရဲ့ လက်မှတ်အရောင်းဆိုင်ခွဲများမှာ ဝယ်ယူနိုင်သလို ဝဘ်ဆိုက်ဖြစ်တဲ့ www.thaiticketmajor.com တို့မှာ ဝယ်ယူနိုင်ပါတယ်။

 



Follow us on