1. Home
  2. Special or Others

ကြက်သွန်ဖြူကနေ ကော်ဖီထုတ်လုပ်ခဲ့သူ ဂျပန်အမျိုးသား

Special or Others พ.ย. 08, 2560 view 1,607

ကြက်သွန်ဖြူနဲ့ ကော်ဖီ..! ကြားလိုက်တာနဲ့ တစ်ကယ်ကို ဘာမှမဆိုင်၊ တစ်ခြားစီပဲလို့ လူတိုင်းတွေမိသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံက အမျိုးသားကြီးတစ်ဦးကတော့ နှစ်ပေါင်း ၃၀ နီးပါးစမ်သပ်ပြီး နောက်ဆုံးမှာ ကြက်သွန်ဖြူကနေ ကော်ဖီထုတ်လုပ်နိုင်ခဲ့ပါတယ်။


အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျပန်အမျိုးသားကြီး Yokitomo Shimatai က ကော်ဖီစေ့က မဟုတ်ပဲ ကြက်သွန်ဖြူကနေ ကော်ဖီဖန်တီးနိုင်ခဲ့ပါတယ်။ ကော်ဖီကြိုက်ပေမယ့် ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓါတ်ကြောင့် လျှော့သောက်နေရသူတွေ၊ လုံးဝရှောင်ကျဉ်ရသူတွေအတွက်တော့ သူ့ရဲ့ကြက်သွန်ဖြူကော်ဖီဟာ အသင့်လျှော်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ကြက်သွန်ဖြူကနေ ကော်ဖီတွေ့ရှိခဲ့ပုံကတော့ ထူးထူးဆန်းဆန်းပဲလို ဆိုရပါမယ်၊ မထင်မှတ်တဲ့ မတော်တဆမှုလေးတစ်ခု ဖြစ်ခဲ့ရာက ကြက်သွန်ဖြူကနေ ကော်ဖီလုပ်လို့ရတယ်ဆိုတဲ့ လမ်းစကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။


လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က သူ့ရဲ့ကော်ဖီဆိုင်လေးမှာ ဧည့်သည်အလာကို မျှော်ရင်း တစ်ဖက်က ကြက်သွန်ဖြူနဲ့ အသားကင်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ အိုးမီးထလောင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းသွားတဲ့ ကြင်သွန်ဖြူက သူက ဇွန်းနဲ့ကြိတ်ပြီး ရေးနွေးနဲ့ လောင်းချလိုက်ပါတယ်။ အရည်ကို ဇွန်းနဲ့ အနည်းငယ်မြည်းစမ်းကြည့်လိုက်ရာ ခါးသက်တဲ့အရသာကို ရလိုက်ပါတယ်၊ ထူးဆန်းတာက ခါးတာက ကော်ဖီခါးသလို ခွးနေတာကို မထင်မှတ်ပဲ တွေ့ရှိလိုက်ရပါတယ်။


အဲဒီနောက်ပိုင်းမှာတော့ သူဟာ ကြက်သွန်ဖြူကနေ ကော်ဖီဖြစ်လာဖို့ နည်းလမ်းပေါင်းစုံနဲ့ သုတေသနပြုခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က ကော်ဖီထုတ်ရောင်းဖို့ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့ ကြက်သွန်ဖြူကော်ဖီကို မှတ်ပုံတင်ပြီး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ကြက်သွန်ဖြူတွေကို လျှပ်စစ်ဖိုကြီးနဲ့ မီးပြင်တိုက် ကင်ပြီးနောက်မှာ ကြိတ်ချေပြီး အရည်စစ်ထုတ်တဲ့ နည်းလမ်းကို အသုံးပြုထားပါတယ်။

နောက်ဆုံးမှာ ကြက်သွန်ဖြူကနေ ကော်ဖီဖြစ်လာသည့်တိုင် မေးစရာလေးတွေ ရှိနေမှာသေချာပါတယ်။ Shimatai သူ့ရဲ့ ကြင်သွန်ဖြူကော်ဖီရဲ့ ရနံ့ကတော့ ကြက်သွန်ဖြူကင်ထားတဲ့ ရနံ့သင်းသင်းလေး ရနေဦးမှာမှန်ပေမယ့် သောက်လိုက်တဲ့ အခါမှာတော့ ကော်ဖီရဲ့ အရသာအပြည့်အဝခံစားရမယ်လို့ ဆိုပါတယ်။

နောက်တစ်ခုကတော့ ကြက်သွန်ဖြူကော်ဖီကို သောက်ပြီးနောက် ကြက်သွန်ဖြူစားသလို အနံ့ဆိုးထွက်မှာ စိုးရိမ်စရာမလိုပဲ ကြက်သွန်ဖြူဟာ မီးပြင်းပြင်းနဲ့ ကင်လိုက်ပြီးတဲ့နောက် အနံ့ဆိုးထွက်စေတဲ့ ဓါတ်တွေပျောက်သွားပါပြီလို ဖြေရှင်းခဲ့ပါတယ်။

မိတ်ဆွေရော ကြက်သွန်ဖြူကော်ဖီကို မြည်းကြည့်ချင်စိတ် မပေါက်ဘူးလား..?
 



Follow us on