
နိုဝင်ဘာလ (၇) ရက်နေ့က ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌါနခွဲတွင် အမျိုးသမီးတစ်ဦးက ထီလက်မှတ်အတုဖြင့် ကျပ်သိန်း ၅,၀၀၀ လာရောက်ထုတ်ယူမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မဟာဗန္ဓုလလမ်းနှင့် အမှတ်(၃၈၃)ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသို့ တောင်ဥက္ကလာပ (၁၁) ရပ်ကွက်တွင် နေထိုင်သူ အသက် (၆၁)နှစ်အရွယ် ဒေါ်စောဝင်းဖြူ ဆိုသူက (၆)ကြိမ်မြောက် အောင်ဘာလေထီလက်မှတ် အမှတ် (ကခ-၂၀၁၁၈၃) ဖြင့် ဆုငွေကျပ်သိန်း ၅,၀၀၀ ကိုလာရောက်ထုတ်ယူခဲ့သည်။
ထီလက်မှတ်ကို စစ်ဆေးစဉ် အတုဖြစ်ကြောင်း သိရှိရသဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ဒုညွှန်မှူး ဒေါ်အိအိခိုင်က ကျောက်တံတားရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ပြီး ဒေါ်စောဝင်းဖြူအား ကျောက်တံတားမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၆၈(အတုပြုလုပ်မှု)ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျောက်တံတားမြို့နယ် တရားရုံးသို့ ကျောက်တံတားမြို့မရဲစခန်း (က/ခ)ပုံစံဖြင့် ဦးတိုက်လျှောက်ထားကြောင်း ပြည်ထဲရေးဌါန၏ သတင်းဖော်ပြချက်အရသိရှိရသည်။
comment