အေစီမီလန်၊အင်တာမီလန်နဲ့ဂျူဗင်တပ်အသင်းတို့မှာ အောင်မြင်မှုတွေများစွာရယူထားခဲ့တဲ့အပြင်၊ အီတလီ လက်ရွေးစင်အသင်းနဲ့လည်း ကမ္ဘာ့ဖလားကိုရယူခဲ့တဲ့ ဂန္တ၀င်ကစားသမားပီယာလိုဟာ ကစားသမားဘ၀ကနေ အနားယူသွားခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ (၂၀၁၇) ခုနှစ်အတွင်းမှာ ဘောလုံးလောကရဲ့ဂန္တ၀င်ကစားသမားတွေဖြစ်ကြတဲ့ ဇာဗီအလွန်ဆို၊ဖီးလစ်လမ်း၊ တော့တီတို့ကစားသမားဘ၀မှအနားယူခဲ့ကြသလို၊ ယခုအခါမှာလည်း အီတလီရဲ့ဂန္တ၀င်ကွင်းလယ်ကစားသမား အဖြစ်သတ်မှတ်ခံထားရတဲ့ ပီယာလိုဟာ ကစားသမားဘ၀မှအနားယူပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။
အသက် (၃၈) နှစ်ရှိပြီဖြစ်တဲ့ ပီယာလိုဟာ ယခုလက်ရှိမေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းမှာကစားနေသူ ဖြစ်ပြီး၊ သူ့ရဲ့ကစားသမားဘ၀ကို အီတလီကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘရက်စီယာအသင်းမှာစတင်ခဲ့သူ ဖြစ်ပါတယ်။ ပီယာလိုဟာ ဘောလုံးကစားသမားဘ၀မှာ (၂၂) နှစ်တိတိကျင်လည်ခဲ့ပြီး၊ပွဲပေါင်း (၈၇၂) ပွဲကစားကာ အဓိကဆုဖလားတွေ အဖြစ် စီးရီးအေဆုဖလား (၆) လုံး၊ချန်ပီယံလိဂ်ဖလား (၂) လုံး၊ကိုပါအီတာလီယာဖလား (၂) လုံး၊ကမ္ဘာ့ဖလား (၁) လုံး စုစုပေါင်းဆုဖလား (၁၁) လုံးတိတိရယူခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင်တစ်ဦးချင်းဆုတံဆိပ်တွေအနေနဲ့ လည်း စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆု (၃) ကြိမ်၊စီးရီးအေအကောင်းဆုံးကွင်းလယ်ကစားသ မားဆု (၁) ကြိမ်၊ စီးရီးအေဂိုးဖန်တီးမှုအကောင်းဆုံးကစားသမားဆု (၁) ကြိမ်၊ Ballon d’Or ဆန်ခါတင်စာ ရင်းမှာ (၃) ကြိမ်နဲ့ ကမ္ဘာ့အကောင်းဆုံး (၁၁) ယောက်စာရင်းမှာလည်း (၁) ကြိမ်ရွေးချယ်ခံခဲ့ရပါတယ်။ ပီယာ လိုအတွက် အေစီမီလန်အသင်း၊ဂျူဗင်တပ်အသင်းနဲ့ နယူးယောက် FC အသင်းတို့က အသင်းရဲ့ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်ပေါ်မှာ အသီးသီးဂုဏ်ပြုရေးသားဖော်ပြခဲ့ကြပါတယ်။
https://www.facebook.com/GoodMorningMyanmarLive/videos/2133123056713813/