နွေရာသီဈေးကွက်အတွင်းက စံချိန်တင်ပြောင်းရွှေ့ကြေးတွေအသုံးပြုပြီးကစားသမားသစ်တွေခေါ်ယူခဲ့တဲ့ မန်စီးတီးအသင်းဟာ ဥရောပရဲ့တန်ဖိုးအကြီးဆုံးကစားသမားစာရင်းကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ဘောလုံးလောကရဲ့တန်ဖိုးတွက်ချက်မှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CIES ရဲ့ထုတ်ပြန်ချက်အရ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကိုဦးဆောင်ထားတဲ့ မန်စီးတီးအသင်းဟာ ဥရောပရဲ့တန်ဖိုးအကြီးဆုံးကစားသမားစာရင်းကို ပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။CIES ဟာ ကစားသမားတွေရဲ့လက်ရှိခြေစွမ်းနဲ့အသက်အရွယ်ပေါ်မူတည်က တန်ဖိုးတွက်ချက်ခဲ့တာဖြစ်ပြီး၊လက်ရှိတန်ဖိုးအကြီးဆုံးကစားသမားက စပါးအသင်းရဲ့တိုက်စစ်မှုး ဟယ်ရီကိန်း ဖြစ်တယ်လို့လည်းသိရပါတယ်။
CIES ရဲ့ ထုတ်ပြန်ချက်အရ တန်ဖိုးအကြီးဆုံးကစားသမားစာရင်းကိုပိုင်ဆိုင်တဲ့ ဥရောပထိပ်ဆုံးအသင်း (၁၀) သင်းမှာ အင်္ဂလန်ပရီးမီးယားလိဂ်မှ အသင်း(၅)သင်းအထိပါဝင်ခဲ့တာကြောင့် လည်း ပရီးမီးယားလိဂ်ဟာ အခြားသောလိဂ်ပြိုင်ပွဲတွေထက် သာလွန်နေကြောင်းကိုမြင်သာစေတာဖြစ်ပါတယ်။ CIES ရဲ့တန်ဖိုးအကြီးဆုံးကစားသမားစာရင်းကိုပိုင်ဆိုင်ထားတဲ့အသင်းတွေထဲမှာ
နံပတ် (၁) နေရာမှာရှိနေတာက မန်စီးတီးအသင်းဖြစ်ပြီး၊တန်ကြေး ယူရို (၁.၁၉၆) ဘီလျံဖြစ်ပါတယ်။
နံပတ် (၂) နေရာမှာရှိနေတာက စပါးအသင်းဖြစ်ပြီး၊တန်ကြေး ယူရို (၁.၁၇၃) ဘီလျံဖြစ်ပါတယ်။
နံပတ် (၃) နေရာမှာရှိနေတာက ဘာစီလိုနာအသင်းဖြစ်ပြီး၊တန်ကြေး ယူရို (၁.၁၃၀) ဘီလျံဖြစ်ပါတယ်။
နံပတ် (၄) နေရာမှာရှိနေတာက ချယ်ဆီးအသင်းဖြစ်ပြီး၊တန်ကြေး ယူရို (၁.၀၄၄) ဘီလျံဖြစ်ပါတယ်။
နံပတ် (၅) နေရာမှာရှိနေတာက မန်ယူအသင်းဖြစ်ပြီး၊တန်ကြေး ယူရို (၉၁၉) မီလျံဖြစ်ပါတယ်။
နံပတ် (၆) နေရာမှာရှိနေတာက ရီးရဲလ်မက်ဒရစ်အသင်းဖြစ်ပြီး၊တန်ကြေး ယူရို (၉၀၃) မီလျံဖြစ်ပါတယ်။
နံပတ် (၇) နေရာမှာရှိနေတာက လီဗာပူးလ်ဖြစ်ပြီး၊တန်ကြေး ယူရို (၉၀၁) မီလျံဖြစ်ပါတယ်။
နံပတ် (၈) နေရာမှာရှိနေတာက PSGအသင်းဖြစ်ပြီး၊တန်ကြေး ယူရို (၈၆၄) မီလျံဖြစ်ပါတယ်။
နံပတ် (၉) နေရာမှာရှိနေတာက အက်သလက်တီကိုအသင်းဖြစ်ပြီး၊တန်ကြေး ယူရို (၈၀၀) မီလျံဖြစ်ပါတယ်။
နံပတ် (၁၀) နေရာမှာရှိနေတာက ဂျူဗင်တပ်အသင်းဖြစ်ပြီး၊တန်ကြေး ယူရို (၇၄၃) မီလျံဖြစ်ပါတယ်။
https://www.facebook.com/GoodMorningMyanmarLive/videos/2133122603380525/