1. Home
  2. Good Morning Myanmar

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တောင်ကိုရီးယားသို့ရောက်ရှိ

Good Morning Myanmar พ.ย. 09, 2560 view 1,478
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အာရှခရီးစဉ်ရဲ့ ဒုတိယခရီးတစ်ထောက်အနေနဲ့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။သမ္မတ လိုက်ပါလာတဲ့ AirForce One လေယာဉ်ဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ်အနီးမှာရှိတဲ့ အိုဆန်လေတပ် စခန်းမှာ ဆင်းသက်ခဲ့တာဖြစ်ပါတယ်။ သမ္မတ ထရမ့်ဟာ တောင်ကိုရီးယားမှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေဆီ သွားရောက်ဖို့ ရှိနေသလို တောင်ကိုရီးယားသမ္မတ မွန်ဂျဲအင်နဲ့လည်းတွေ့ဆုံဖို့ရှိနေပါတယ်။ 
 
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်ခြိမ်း ခြောက်မှုတွေကို သဘောထားတင်းတင်းနဲ့ ချဉ်းကပ်တဲ့ သမ္မတ ဟာ မြောက်ကိုရီးယားအရေးကို ပြေပြေလည်လည်ဖြေရှင်းလိုတာ ကိုပြဖို့ တောင်ကိုရီးယားခရီးစဉ် စတင်တာဖြစ်တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့လည်း သမ်္မတ ထရမ့်ရဲ့ စကားပြောဆိုမှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေး ပဋိပက္ခတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2133091320050320/
လာမယ့်ရက်တွေအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုဟာ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ အမေရိကန်အရာရှိတွေ ကပြောပါတယ်။ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေရှိနေပေမဲ့ မြောက်ကိုရီးယားက မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေကြောင့် သမ္မတ ထရမ့်အစိုးရလက်ထက်မှာ သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့ကြား အပြန်အလှန်စကားစစ်ထိုးတဲ့အထိ တင်းမာမှုတွေမြင့်တက်နေ ပါတယ်။


Follow us on