1. Home
  2. Good Morning Myanmar

အမေရိကန်ကို လျှော့မတွက်ဖို့ သမ္မတထရမ့်က မြောက်ကိုရီးယားကိုသတိပေး

Good Morning Myanmar พ.ย. 10, 2560 view 1,467
တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ တောင်ကိုရီးယား လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံအနေနဲ့အမေရိကန်အပေါ် မသေးသင့်ဘူးလို့ ပြင်းပြင်းထန်ထန်သတိပေးပြောဆိုလိုက်ပါတယ်။သမ္မတထရမ့်ဟာ တောင်ကိုရီး ယားလွှတ်တော်မှာ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။
 
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်နိုင်ကိုလျှော့မတွက်ဖို့နဲ့အကဲမစမ်းဖို့ သတိပေးပြောဆိုခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားရဲ့နျူကလီးယားနဲ့တိုက်ချင်းပစ်ဒုံးကျည်တွေဟာ မြောက်ကိုရီးယားနိုင်ငံကို လုံခြုံစေမှာမဟုတ်ဘဲ ပိုပြီးအန္တရာယ်များလာစေတာ ဖြစ်တယ်လို့လည်း သမ်္မတထရမ့်ကပြောခဲ့ပါတယ်။သမ္မတထရမ့်ဟာ အာရှခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တောင်ကိုရီးယားနိုင်ငံကို နှစ်ရက်ကြာရောက်ရှိနေတာဖြစ်ပါတယ်။ဒါ့အပြင် ကင်ဂျုံအန်အနေနဲ့ လက်ရှိစမ်းသပ်လုပ်ကိုင်နေတဲ့ နျူကလီးယားလက်နက်တွေကို စွန့်လွှတ်ဖို့ကိုလည်း သမ္မတထရမ့်က တိုက် တွန်းပြော ဆိုခဲ့ပါတယ်။
 
တရုတ်နဲ့ရုရှားနိုင်ငံတွေအပါအ၀င်ကျန်တဲ့ ကမ်္ဘာ့နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယား ဘက်က နျူကလီးယားလက်နက်တွေစွန့်စေဖို့ ၀ိုင်းဝန်းဖိအားပေးကြဖို့ကိုလည်း သမ္မတထရမ့်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။နိုဝင်ဘာလ(၇)ရက်တုန်းက မြောက်ကိုရီးယားနဲ့တောင်ကိုရီးယား နှစ်နိုင်ငံကြားက စစ်မဲ့ဇုန်ကို သမ္မတထရမ့်က ပထမဆုံးအကြိမ်အနေနဲ့သွားရောက်ဖို့ ကြိုးစားခဲ့ပါ တယ်။ဒါပေမဲ့ ရာသီဥတုမကောင်းတာကြောင့် သမ္မတလိုက်ပါလာတဲ့ရဟတ်ယာဉ် နောက်ကြောင်း ပြန်လှည့်ခဲ့ရတယ်လို့ အမေရိကန်အရာရှိတွေဘက်ကပြောထားပါတယ်။
 
https://www.facebook.com/GoodMorningMyanmarLive/videos/2134515009907951/
 


Follow us on