1. Home
  2. Special or Others

ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ကျော် မိုက်တိုင်စန်ကို ချီလီနိုင်ငံက ပြည်ဝင်ခွင့်မပေးဘဲ လေယာဉ်ပေါ်ပြန်တင်ပေးလိုက်

Special or Others พ.ย. 10, 2560 view 1,753
ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ကျော် မိုက်တိုင်စန်ကို ချီလီနိုင်ငံက ပြည်ဝင်ခွင့်မပေးဘဲ လေယာဉ်ပေါ်ပြန်တင်ပေးလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။မိုက်တိုင်စန်ဟာ ချီလီ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ မညီညွတ်တဲ့အတွက် ချီလီရဲတွေက ပြည်ဝင်ခွင့်မပေးခဲ့တာဖြစ်တယ်လို့ ထောက်လှမ်းရေးရဲတပ်ဖွဲ့က နိုဝင်ဘာ ၉ ရက်နေ့မှာ ပြောပါတယ်။ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်စန်ဟာ ပြစ်မှုကျူးလွန်ဖူးတဲ့ မှတ်တမ်းရှိတဲ့အတွက် ပြည်ဝင်ခွင့်ကို ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။
 
မိုက်တိုင်စန်ဟာ ၁၉၉၂ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ အဓမ္မပြုကျင့်မှုနဲ့ ထောင်ဒဏ် ၃ နှစ်နဲ့  ၆ နှစ် ကျဖူးသူလည်း ဖြစ်ပါတယ်။မိုက်တိုင်စန်ဟာ ချီလီနိုင်ငံမြို့တော် ဆန်တီယေဂိုမှာလုပ်တဲ့ အက်ရှင် ရုပ်ရှင်ပြပွဲ အခမ်းအနား တက်ရောက်ဖို့ ချီလီနိုင်ငံကို ရောက်ရှိလာတာဖြစ်တယ်လို့ ချီလီသတင်းမီဒီယာတွေက ဖော်ပြပါတယ်။နယူးဇီလန်နိုင်ငံကလည်း မိုက်တိုင်စန်ကို ပြည်ဝင်ခွင့်ဗီဇာမပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
 
Credit >>> burmese.dvb.no


Follow us on