1. Home
  2. Movie Stars - Celebrity

စင်ကာပူနိုင်ငံ Miss Plus Size 2017 တွင် မြန်မာအလှမယ် ဆုနှစ်ဆုဆွတ်ခူး

Movie Stars - Celebrity พ.ย. 14, 2560 view 1,481

စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သော Miss Plus Size 2017 အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောင်ယှဉ်ပြိုင်ခဲ့သော အလှမယ် စန္ဒီမင်းအောင်က Miss Star Plus Size 2017 နှင့် Miss Popular Award Plus Size 2017 ဆု နှစ်ခုတို့ ရရှိခဲ့ကြောင်း သူမ၏ လူမှုကွန်ယက် ဖေ့စ်ဘွခ်စာမျက်နှာပေါ်မှ သိရှိခဲ့ရသည်။


အားလုံးအားပေးကြလို့ အားလုံးအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ရွေးချယ်ခံရတဲ့ဆုကို ရလို့ ဝမ်းသာကျေနပ်မိပါတယ်။ အချိန်ကုန်ခံပြီး like, share, voting အများဆုံး နဲ့ Miss People Choose & Miss Star ဆုကို  ကျမတို့ မြန်မာနိုင်ငံက နိုင်ငံသားတွေ တယောက်ချင်းပေးတဲ့မေတ္တာကို ရလို့ ပိုဝမ်းသာပါတယ်ရှင့် … အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။


Mrs./Ms. Top of the world Plus Size 2017 ပြိုင်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ မှ ၁၃ ရက် နေ့ အထိ စကာင်္ပူနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး Mrs./Ms. Top of the world Plus Size 2017 သရဖူဆုကို ဖိလစ်ပိုင်အလှမယ်မှ ရရှိခဲ့ပါတယ်။




 



Follow us on