1. Home
  2. Special or Others

လေယာဉ်တံခါးပေါက်က ခြေချော်ပြုတ်ကျခဲ့တဲ့ လေယာဉ်မယ်တစ်ဦး ပြင်းထန်စွာဒဏ်ရာရ

Special or Others พ.ย. 14, 2560 view 1,439

တရုပ်နိုင်ငံ ဟန်နန်ပြည်နယ်၊ ကျန်းကျူမြို့မှာတည်ရှိသော ရှီကျန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်မယ်တစ်ဦး လေယာဉ်ပေါ်သို့ ပစ္စည်းတင်ရာမှ လေယာဉ်နောက်မြီးတံခါးဝတွင် ချေချော်၍ လေယာဉ်ပေါ်မှ မြေကြီးပေါ်သို့ ပြုတ်ကျခဲ့ရသည့် ထိတ်လန့်စရာ အဖြစ်ပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

XiamenAir လေကြောင်းလိုင်း ဘိုးရင်း 737 လေယာဉ်ပေါ်သို့ လိုအပ်သည့် ပစ္ဏည်းများ ပြန်လည်ဖြည့်တင်းရာတွင် ပြတ်ကျခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကို စီစီတီဗီတွင် ဖမ်းယူမှတ်တမ်းတင်နိုင်ခဲ့သည်။
စီစီတီဗီပုံရိပ်အရ လေယာဉ်အမှုထမ်းအမျိုးသမီးမှာ အစားသောက်တင်လာသော လကိတွန်းလှည်းကို လေယာဉ်ထဲသို့ တွန်းသွင်းစဉ် လက်တွန်းလှည်းနှင့်အတူ ပြုတ်ကျခဲ့ပြီး လေယာဉ်တံခါးဝမှာ တွဲလောင်းခိုထားခဲ့ရာမှ နောက်ဆုံးတွင် လက်မခိုင်တော့ပဲ မြေကြီးပေါ်သို့ ပြုတ်ကျခဲ့ရကြောင်း တွေ့ရှိခဲ့သည်။


အမျိုးသမီးမှာ ရင်ဘတ်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးရုံသို့အမြန်တင်ဖို့ခဲ့ရသည်။ သူမ၏ ရင်ဘတ်အရိုးအချို့ကျိုးသွားခဲ့ပြီး ကုသမှုခံယူနေကြောင်း XiamenAir လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဖြစ်စဉ်နှင့်ပက်သက်၍လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


 



Follow us on