သရုပ်ဆောင် အဆိုတော် ဥက္ကမင်းမောင် ဟာ နိုဝင်ဘာ ၁၈ ရက်နေ့မှာ 18Album ထါက်ရှိတဲ့ တစ်နှစ်ပြည့်အထိန်းအမှတ်အဖြစ် ပရိတ်သတ်တွေနဲ့ တွေ့ဆုံပွဲပြုလုပ်မယ်လို့သိရပါတယ်။ တွေ့ဆုံပွဲကို နေအိမ်ခြံထဲမှာပဲ ပရိတ်သတ်ကို ကိုယ်တိုင် အစားစာ ဟင်းလျှာများကို ချက်ပြုတ်ကျွေးမွေးမှာဖြစ်ပြီး သီချင်းဆိုခြင်း ဂိမ်းကစားခြင်းတို့ကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ် ။
“ကျွန်တော် အခွေကို မနှစ်က ရန်ကုန်မြို့ထဲမှာပဲ ပရိုမိုးရှင်းလုပ်ဖြစ်ခဲ့တယ်။ တခြားနယ်တွေ မြို့တွေကို သွားမယ်ဆိုပြီး တခြား အလုပ်လေးတွေ ရှိတာနဲ့ မြန်မာနိုင်ငံမှာနေတဲ့ မချိန်ကလည်း နည်းတဲ့ အတွက် မသွားဖြစ်ခဲ့ဘူး ။ အခုတော့ 18 Album တစ်နှစ်ပြည့်အတွက် ကျွန်တော့ရဲ့ ခြံထဲမှာပဲ ပရိတ်သတ်တွေကို ဖိတ်ပြီး ကိုယ်တိုင် ဟင်းချက်ကျွေးမယ် မနှစ်ကလိုပဲ ။ မနှစ်ကတော့ Special 18 Group ထဲက လူတွေပဲ ရွေးဖိတ်ပေမယ့် ဒီနှစ်တော့ ဖေ့ဘုတ်စ် ထဲက ပရိသတ် တွေကိုလည်း ဖိတ်ကြားမှာပါ ။ ဒါကတော့ ဒုတိယ အကြိမ်ပါ ဖြစ်နိုင်ရင် အစဉ်အလာ အနေနဲ့ နှစ်တိုင်းလုပ်သွားချင်တယ် ။
18 အခွေထွက်ပြီး တစ်နှစ်ပြည့်သွားပေမယ့် VCD ကတော့ ဖြည်းဖြည်းချင်းရိုက်သွားမှာပါ ။ အခွေတော့ ကြာဦးမယ် ။ အားလုံးတော့မရိုက်ဘူး ။ ၇ပုဒ် ၈ပုဒ် လောက်ပဲ ရိုက်မယ် ။ အသစ် နဲ့ အဟောင်းနဲ့ ရောထုတ်ဖို့ စဉ်းစားနေတယ် ။ လောလောဆယ် VCD က ရိုက်ကိုမရိုက်ရသေးတာ ။ ရိုက်ဖြစ်တဲ့ အခါကျရင် အခွေထဲမှာ ပရိတ်သတ်တွေ ပါမယ် ။ အိမ်မှာ ပရိသတ်တွေနဲ့ ဟင်းချက်ကျွေးတာလေးတွေကို ရိုက်ထားတာလေးတွေ ရှိတယ် ။ အမှတ်တရ အနေနဲ့ အဲ့ဒါလေးတွေ ပါပါမယ်” ဆိုပြီးပြောသွားခဲ့ ပါတယ်။
Credit:popular