1. Home
  2. Special or Others

အပေါ်ပိုင်းဗလာနဲ့ ကားပြတင်းပေါက်မှ ထွက်ကဲသူ အမျိုးသမီးသေဆုံး(ရုပ်သံ)

Special or Others พ.ย. 14, 2560 view 1,674

ရုရှားအမျိုးသမီးတစ်ဦး သူငယ်ချင်းဖြစ်သူနဲ့ အပမ်းဖြေခရီးထွက်စဉ် အပျော်လွန်ပြီး အပေါ်ပိုင်းဗလာကျင်းနဲ့ ကားထဲမှ ကိုယ်တစ်ပိုင်းထွက်ကာ အမှတ်တရ ဗီဒီယိုရိုက်ကူးစဉ် မတော်တဆမှုဖြစ်ကာ သေဆုံးခဲ့ရသည်။


မော်စကိုမြို့မှ အသက် ၃၅ နှစ်အရွယ် Natalia Borodina က သူမ၏မိန်းကလေးသူငယ်ချင်းဖြစ်သူ ယူကရိန်းနိုင်ငံသူ  Ivanna Boirachuk အသက် ၂၂ နှစ်နဲ့အတူ Dominican Republic တွင် KIA အမျိုးအစား Picanto ကားလေးကို မောင်းရင်း အပမ်းဖြေခရီးထွက်လာခဲ့ကြသည်။
ကားပေါ်တွင် သီချင်းနားထောင်ရင်း မြူးကြွလာပြီး ရုတ်တရက် စိတ်ကူးပေါက်ကာ အပ်ါပိုင်းအဝတ်အစားများချွတ်ပြီးနောက် ကားမောင်းနေသော သူငယ်ချင်းဖြစ်သူအား အမှတ်တရ ဗီဒီယိုရိုက်ကူးစေခဲ့သည်။


ထို့နောက် သူမကိုယ်တိုင် မောင်းနေသောကားပြူတင်းပေါက်မှ ခါးတစ်ပိုင်း အပြင်ထွက်ကာ အမူယာအမျိုးမျိုးလုပ်ပြနေစဉ် လမ်းဘေးဆွင် စိုက်ထူထားသော လမ်းပြဆိုင်းဘုတ်တိုင်နှင့် ရိုက်မိပြီး လမ်းမပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

Natalia အား အမြန်ဆေးရုံးသို့တင်ပို့ခဲ့သော်လည်း ဆေးရုံရောက်ပြီး မကြာခင်မှာပင်သေဆုံးသွားခဲ့သည်။ သူမတွင် အသက် ၈ နှစ်အရွယ် သားငယ်လေးတစ်ဦးလည်းရှိကြောင်း Mirror သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။


မှတ်ချက်၊ ဗီဒီယိုတွင် စိတ်ညစ်ညူးစရာများပါရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူများသာ ကြည့်ရှုသင့်ကြောင်း တင်ကြိုအသိပေးအပ်ပါသည်။


 



Follow us on